ကြံခင်းမြို့နယ်တွင် စစ်တပ်ထုတ်ကုန်သုံးစွဲတာ အထူးဂရု ပြု ရှောင်ရှားပါ စာတန်းကိုင်စွဲဆန္ဒပြ

By မင်းထက် (မဇ္စျိမ)
11 April 2023
ကြံခင်းမြို့နယ်တွင် စစ်တပ်ထုတ်ကုန်သုံးစွဲတာ အထူးဂရု ပြု ရှောင်ရှားပါ စာတန်းကိုင်စွဲဆန္ဒပြ

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

"စစ်တပ်ထုတ်ကုန်သုံးစွဲတာ အထူးဂရုပြုရှောင်ရှားပါ" စာ သားပါဘန်နာ(ဗီနိုင်း)အား စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၄၈)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။

#ဆန္ဒပြ

#mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly