ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတချို့မှာ နှစ်လနီးပါး ဆန်နဲ့ ရိက္ခာခြောက်တွေ ပြတ်လပ်နေပြီး တချို့မှာတော့ ချေးငှားစားသောက်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေဆီက သိရပါတယ်။
တစ်ရက်တာ ကွင်းဆင်းစစ်ဆေးမှုတွေအရ စစ်ဘေးရှောင်စခန်း ခုနစ်ခုက လူဦးရေ ၂,၂၀၀ ကျော်အတွက် ဆန်နဲ့ ရိက္ခာခြောက်တွေ အရေးပေါ်လိုအပ်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ကရင်နီပြည်နယ်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ သယ်ယူတာကို ပိတ်ပင်ဖမ်းဆီးတာတွေ စစ်ဆေးတာတွေ လုပ်နေတဲ့အတွက် ပိုက်ဆံရှိလည်း အလုံအလောက်ဝယ်ယူဖို့အတွက် အခက်အခဲရှိနေတယ်လို့ စစ်ဘေးရှောင်ကို အကူအညီပေးနေသူတစ်ဦးက ဆိုပါတယ်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင် ၂၁,၀၀၀ ကျော်ရှိပြီး ကရင်နီပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်တယ်လို့ ကရင်နီပြည်နယ်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။
သတင်း-001
တင်ဆက်/တည်းဖြတ်-ဂျူချန်း