ဖလမ်းမြို့နယ် ဝေဘူလမြို့တွင် နွေရာသီကျမ်းစာသင်တန်း (Summer Camp ) ပြုလုပ်ရန် တဲထိုးနေသည့်နေရာ ဗုံးကြဲခံရ

ဖလမ်းမြို့နယ် ဝေဘူလမြို့တွင် နွေရာသီကျမ်းစာသင်တန်း (Summer Camp ) ပြုလုပ်ရန် တဲထိုးနေသည့်နေရာ ဗုံးကြဲခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဝေဘူလမြို့၌ ယမန်နေ့ ဧပြီလ ၁၀ရက်နေ့တွင် နွေရာသီကျမ်းစာသင်တန်း(Summer Camp)ပြုလုပ်ရန်တဲထိုးနေသည့်နေရာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့်ပြည်သူ ကိုးဦး သေဆုံး ပြီး ဒဏ်ရာရရှိသူ လေးဦးထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူ နှစ်ဦး ရှိကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ယာ နှစ်လုံးနှင့် လူနေအိမ် သုံးလုံး ပျက်စီးကြောင်းသိရသည်။

‘’ဝေဘူလမြို့မှာက တိုက်ပွဲလည်းမရှိဘူး၊ အေးအေးဆေးဆေးပဲ၊ ဒါကြောင့်လည်း အသင်းတော်တွေကနေ နွေရာသီဓမ္မကျမ်းစာသင်တန်းတွေလုပ်ဖို့အတွက် တဲတွေထိုးနေကြတဲ့နေရာကို လေယာဉ်နဲ့ဗုံးကြဲချသွားတာ။သိက္ခာတော်ရဆရာတော် တစ်ဦးလည်း သေတယ်။ ကျောင်းအုပ်ဆရာကြီးလင်မယားနှစ်ဦးသေဆုံးသွားတယ်။ လေယာဉ်နဲ့က အသွားနှစ်လုံး၊ အပြန်နှစ်လုံးကြဲချသွားတာ’’ဟု ဝေဘူလမြို့သူတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလေတပ်မှ ချင်းပြည်နယ်အတွင်းမြို့နယ်တော်တော်များရှိ ကျေးရွာများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာခဲ့ကြောင်း သိရပြီး ယမန်နေ့ တစ်ရက်ထဲ၌ ဖလမ်းမြို့နယ်အတွင်း ဗားရ်ကျေးရွာတစ်ဝိုက် ၊ဝေဘူလမြို့နှင့်ဖလမ်း-ဟားခါးကားလမ်းပေါ်ရှိ ရမ်ထလိုကျေးရွာနဲ့ အနီးဝန်းကျင်များကို ဗုံး ၁၄ လုံး ကြဲချသွားခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly