ကျေးရွာပေါင်းစုံသပိတ် (၇၆၁)ရက်မြောက် ဆက်လက်ချီတက်

By ပါခွီး(မဇ္စျိမ)
09 April 2023
ကျေးရွာပေါင်းစုံသပိတ် (၇၆၁)ရက်မြောက် ဆက်လက်ချီတက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း (၇၆၁) ရက်မြောက်အဖြစ် ဧပြီလ ၉ ရက် ယနေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်သည် “ သွေးစွန်းငွေလာရာ MOGE ကို ချက်ချင်း ပိတ်ဆို့အရေးယူပေး” စာတမ်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည်  ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြနေခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required