ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီက (၄၄ )ကြိမ်မြောက် ဆန္ဒထုတ်ဖော်

By မင်းထက် (မဇ္စျိမ)
07 April 2023
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီက (၄၄ )ကြိမ်မြောက် ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က "ပြည်သူတွေရဲ့တောက်ခေါက်သံ၊ အာဏာရှင်ရဲ့ သေနတ်သံထက် ပြင်းထန်တယ်။

ခေတ်ဟောင်းကိုဖြို၊ ခေတ်သစ်ကိုထူမယ်"စာတန်းအား ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို စကြဝတေးမင်းကြီး သပိတ်ကော်မတီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီ

ဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၄၄)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

# Mizzima

#စကြဝတေးမင်းကြီး

# (၄၄)ကြိမ်မြောက် ဆန္ဒထုတ်ဖော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly