လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သက်ကြီးရွယ်အိုများ နေရပ်စွန့်ခွာထွက်ပြေးနေရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သက်ကြီးရွယ်အိုများ နေရပ်စွန့်ခွာထွက်ပြေးနေရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့လုပ်ရပ်တွေကြောင့် သက်ကြီးရွယ်အိုတွေဟာနေရပ်စွန့်ခွာထွက်ပြေး နေရသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။

နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ Open-Ended Working Group on Ageing ရဲ့ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ဧပြီလ(၃) ရက်ကနေ (၆) ရက်နေ့အထိ ကျင်းပနေပြီး အဲဒီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး က မိန့်ခွန်း ပြောခဲ့တာပါ။

နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံအရေးကိစ္စ၊အဓိကအားဖြင့် သက်ကြီးရွယ်အိုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအပေါ် အထူးအလေးထားအာရုံစိုက်ဖို့၊ထိရောက်မှုရှိတဲ့ အရေးယူဆောင်ရွက်မှုနဲ့ အကူအညီတွေလိုအပ်နေတယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအရေးကိစ္စ၊ အဓိကအားဖြင့် သက်ကြီးရွယ်အိုများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအပေါ်  နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အထူးအလေးအနက်ထားအာရုံစိုက်ရန် ချက်ချင်းလိုအပ်သကဲ့သို့ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်မှုနှင့် အကူအညီများကိုလည်း ပေးအပ်ရန် အထူးလိုအပ်ကြောင်း ပြောကြားခဲ့ တာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required