ဆားလင်းကြီးမြို့နယ်ရှိ မီးရှို့ခံရသောကျေးရွာမှ ပြည်သူများအား ခေါက်ဆွဲကြော်လှူဒါန်း

By ကိုရွှေမြိတ် (မဇ္ဈိမ)
04 April 2023
ဆားလင်းကြီးမြို့နယ်ရှိ မီးရှို့ခံရသောကျေးရွာမှ ပြည်သူများအား ခေါက်ဆွဲကြော်လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မီးရှို့ခံထားရသော အိမ်ထောင်စု ၁၀၀ ကျော်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်ပြီး လူဦးရေ ၆၀၀ အတွက် ခေါက်ဆွဲကြော်ဘူးများ လှူဒါန်းပေးခဲ့ကြောင်းဆိုသည်။

" ကျနော်တို့အနေနဲ့ အိမ်ထောင်စု ၁၂၈ စု လူဦးရေ ၆၀၀ အတွက် ဘူးရေ ၆၀၀ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ Mi Mi Lay Lin Family (Australia) ရဲ့ကူညီမှုနဲ့လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျနော်တို့ အညာပစ်တိုင်းထောင်လေးများအနေနဲ့လည်း နောက်ထပ် လှူဒါန်းနိုင်ဖို့ကြိုးစား နေပါတယ်" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူကပြောသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို ဆန့်ကျင် တော်လှန်နေသည့် အဖွဲ့ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများကိုလည်း စားနပ်ရိက္ခာများနှင့် အခြားသော လိုအပ်သည့် အကူအညီများကို ထောက်ပံ့ပေးနေသည့် အဖွဲ့လည်း ဖြစ် သည်။

စာတည်း - Alden

စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)

#ဆားလင်းကြီး

#ကျေးရွာ

#အညာပစ်တိုင်းထောင်

#ဘူး_၆၀၀

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly