ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

By မင်းထက် (မဇ္စျိမ)
04 April 2023
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၄ ရက် မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ပေါ်တစ်နေရာ၌ " သွေးစက်တိုင်းရဲ့ ငိုညည်းသံ သင်္ကြန်ရေနဲ့ မဆေးနဲ့၊ တော်လှန် သင်္ကြန်ဖြစ်ပါစေ ၊ ပေတစ်ရာပေါ်ကသွေးတွေ မခြောက်သေးဘူး"စာသားပါ ဘန်နာအား ကိုင်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့် အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် အဆိုပါ သပိတ်အဖွဲ့၏ ၄၁ ကြိမ်မြောက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဧရာဝတီတိုင်း

#ကြံခင်းမြို့နယ်

#စကြဝတေးမင်းကြီးသပိတ်ကော်မတီ

#ဆန္ဒ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly