ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှ ပြည်သူနှစ်ဦးကို  စစ်ကောင်စီတပ်ဖွဲ့မှ ‌ဧပြီလ ၁ ရက်‌နေ့က သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဆင်းလာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း သည် ယင်းနေ့ နံနက် ၈ နာရီကျော်ခန့်တွင် ရွှေတောင်ဦးမှတဆင့်  ကံကုန်းကျေးရွာသို့ သေနတ်များပစ် ဖောက်ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် ကံကုန်းကျေးရွာရှိ နေအိမ်များမှ ပစ္စည်းများအား မွှေနှောက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး ညနေ ပိုင်း၌ ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က အခြားဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးသွားပြီး ညှဉ်းပန်းနှိပ်စက်၍ ဒုံးတောကျေးရွာ မြောက်ပိုင်းရှိ ကိုင်းတောထဲတွင် သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းကို ယနေ့ ဧပြီလ ၃ ရက် နံနက်ပိုင်း၌ ပြန် လည်တွေ့ရှိရသည်ဟု ဒေသခံများက ဆိုသည်။

သတ်ဖြတ်ခံရသူမှာ ကျေးရွာပကဖအဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟုဆိုသော်လည်း မဇ္ဈိမအနေဖြင့် အသေးစိတ် ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required