ထန်တလန်မြို့နယ်တွင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများထဲမှ ၁ ဦး ထပ်မံသေဆုံး

By ပါခွီး မဇ္စျိမ
02 April 2023
ထန်တလန်မြို့နယ်တွင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများထဲမှ ၁ ဦး ထပ်မံသေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက် ခိုက်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သူများအနက်မှ တစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူကိုးဦးအထိ ရှိလာ ပြီဖြစ်ကြောင်း သိရသည်။

လေကြောင်းမှ တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရရှိသူများထဲမှ Salai Van Cem (၁၇ နှစ်)သည် ဧပြီလ ၁ ရက် နေ့တွင် ထပ်မံသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောကြား သည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ကိုးဦးရှိလာသည့်အပြင် ဒဏ်ရာရရှိသူ ၁၀ ဦး ရှိကြောင်း သိရ သည်။

သေဆုံးသူများမှာ Pu Hmet Lian (၂၀ နှစ်) ၊  Pi Par Thluai Cin (၁၈ နှစ်)၊ Pi Sung Hlei Cuai (၃၀ နှစ်)၊ Nu Ngun Dawt (၂၈ နှစ်)၊ Pi Len Zi (၄၀ နှစ်)၊ Mai Sofia (၁၆ နှစ်) ၊  Van Duh (၆ နှစ်)၊ Siang Cung Bik (၉ နှစ်) နှင့်  Salai Van Cem (၁၇ နှစ်)တို့ဖြစ်ကြောင်း ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ Public Administration Thantlang (PAT)မှ ထုတ်ပြန်ထားသည်။

၎င်းအပြင် ဒဏ်ရာရရှိသူများမှာ Peng Cung Thang (၈ နှစ်)၊ Benjamin (၁ နှစ်)၊  Pi Ngun Hoi (၄၀ နှစ်)၊  Pi Biak Tial (၅၀နှစ်)၊  Pi Iang Par (၆၁ နှစ်)၊ Bawi Dawt (၆ နှစ်)၊ Sai Thluai (၁၁နှစ်)၊  Salai Bawi Lian Tlung (၁၈နှစ်) ၊  Pu Ngun Bik (၄၀နှစ်)နှင့် Pastor Sang Cung တို့ဖြစ်ကြောင်း သိရသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ခွါဖိုကျေးရွာကို လေကြောင်း မှတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးခဲ့မှုများအပြင် နေအိမ် ၁၃ လုံးလည်းပျက်စီးခဲ့ကြောင်း PAT က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့၏ အပြစ်မဲ့ပြည်သူများအပေါ်  လူမဆန်စွာ အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်သည့် စက် ဆုပ်ဖွယ်လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ပြီး ရည်ရွယ် ချက်ရှိရှိဖြင့် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဖြစ်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုး သားတပ်မတော် (CNA) က မတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာမိသားစုမှ ဝိုင်းဝန်းအရေးယူ အပြစ်ပေးမှုများ ပြုလုပ်ကြပါရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required