ဒီပဲယင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁၀,၀၀၀ နီးပါးတိမ်းရှောင်နေရ

By MTO မဇ္ဈိမ
02 April 2023
ဒီပဲယင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁၀,၀၀၀ နီးပါးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်း၊ စိုင်ပြင်မြို့ကနေ  ဒီပဲယင်းမြို့နယ်အတွင်းကို မတ်လ ၂၇  ရက်နေ့ လောက်ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် ကျေးရွာတွေကို စစ်ကြောင်းထိုး လာတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း အဖွဲ့အစည်း တွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြေပြင်ကနေ ခြေလျင်စစ်ကြောင်းနဲ့ စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေပါ ပြုလုပ်နေလို့  ဒီပဲယင်း ပြည်သူ ၁၀,၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့  ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တည်းဖြတ် / တင်ဆက် - MTO

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly