မတူပီ - ပလက်ဝလမ်း ၁၁ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံး

By ပါခွီး မဇ္စျိမ
02 April 2023
မတူပီ - ပလက်ဝလမ်း ၁၁ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့မှ  မတူပီ-ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေ့စစ်ကောင်စီတပ်စခန်းသို့  ရိက္ခာနှင့်အင်အားဖြည့်တင်းရန်ထွက်ခွာလာသော စစ်ကြောင်းကို ၁၁ ရက်တာ တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်သား ၅၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ယမန်နေ့ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်သည်။

မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကလားကျေးရွာ၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁ နာရီ တွင် အဆိုပါရွာထဲ၌ တစ်ကြိမ်နှင့် ညနေ ၃ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ရွာအဝင်၌ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ဆို သည်။

“တိုက်ပွဲဖြစ်တဲ့အချိန်မှာ အနီးကပ် မျက်မြင်တွေ့ရတာရှိတယ်၊ ဒရုန်းနဲ့ကြည့်ပြီး သိရတာနဲ့ မြေမြှုပ်ထား တဲ့ အလောင်းတွေကိုကြည့်ပြီး တွက်ချက်ထားတာပါ။ အမှန်တကယ် သူတို့စစ်ကြောင်းက တဝက်နီးပါး ပျက်စီးနေပြီလို့ ပြောလို့ရပါတယ်” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက မဇ္စျိမကို ပြော သည်။

မြေပြင်နှင့် ဆက်သွယ်ရေးအခက်အခဲများကြောင့် အချိန်မီသတင်းမထုတ်ပြန်နိုင်ခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးသည့် မှတ်တမ်းဓာတ်ပုံများလည်းရှိကြောင်း ဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မိုင်တိုင်(၂၂)၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ငါးဦးသေဆုံးပြီး ထောက်ပို့ (၁၂)ဘီးကားတစ်စီး ချောက်ထဲပြုတ်ကျကာ  CDF – Matupi တပ်ဖွဲ့က မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၂၇ ရက်နေ့ ညနေ ၃နာရီဝန်းကျင်တွင် မိုင်တိုင် (၂၁) ၌ ညနေစာချက်စားနေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၁၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဆိုသည်။

မတ်လ ၂၀ ရက်နေ့က မတူပီမြို့မှ မော်တော်ယာဉ်သုံးစီး အင်အား ၈၀ ဖြင့် စတင်ထွက်ခွာလာပြီး အထိ အခိုက်များသဖြင့် ရဟတ်ယာဉ်ဖြင့် အင်အား ၇၀ ထပ်မံဖြည့်တင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ စစ် ကြောင်းကို မတ်လ ၃၁ ရက်နေ့အထိတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅၂ ဦးသုတ်သင်နိုင်ပြီး မော်တော် ယာဉ်တစ်စီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ကလားရွာသစ်အောက်ရွာမှ လူနေအိမ် ငါးလုံးနှင့် ကလား အပေါ် ရွာမှ လူနေအိမ်လေးလုံး စုစုပေါင်း ကိုးလုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများကို CDF – Matupi နှင့်အတူ ချင်းအမျိုးသားတပ်မတော်(CNA )တို့ ပူးပေါင်းတိုက်ခိုက် နေပြီး ၎င်းတို့ဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း ဆိုသည်။

“အခုလာတဲ့စစ်ကြောင်းက အရင်ထွက်လာဖူးတဲ့ စစ်ကြောင်းတွေနဲ့မတူဘူး ၊ နယ်မြေကျွမ်းကျင်မှုလည်း မရှိဘူး၊ အရင်စစ်ကြောင်းတွေဆို တောနင်းပြီးလာကြတာ၊ အခုဟာက လမ်းမပေါ်မှာ အစုလိုက်လာနေ တာရယ် ကျနော်တို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားတော့ စစ်ကောင်စီဘက်က သေဆုံးတာတွေများ နေတာ”ဟု  နိုင်ဂျွန်ကိမ်းက ဆက်လက်ပြောဆိုသည်။

မြင်ကွင်းရှင်းချိန်တွင် ဒရုန်းဖြင့် စစ်ကောင်စီတပ်သားများကို ရေတွက်ရာ ၈၀ ပင် မပြည့်တော့ဘဲ ကား ပေါ်တွင်လည်း ဒဏ်ရာရရှိသူများ အများအပြား မြင်တွေ့ရကြောင်း ဆိုသည်။

CDF – Matupi အနေဖြင့် အဆိုပါစစ်ကြောင်းကိုဖျက်ဆီးရန် ရည်ရွယ်ထားပြီး ပြည်သူများ၏ ထောက်ပံ့ မှုဖြင့် ဝယ်ယူထားသော ခဲယမ်းများမှာ ၁၀ ရက်ကျော်တိုက်ပွဲအတွင်းအသုံးပြုခဲ့သဖြင့် လက်ကျန် အလွန် နည်းပါးလာနေသောကြောင့် အခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်များ ချီတက်နေသည့် ထယ်ဘွေ့စခန်းသို့ရောက်ရန် ၁၀ မိုင်ခန့်ကျန်နေသေးပြီး တဖြေး ဖြေးသွားလာနေသဖြင့် ခဲယမ်းမီးကျောက်ပြည့်စုံပါက ယင်းစစ်ကြောင်းကို ချေမှုန်းပစ်နိုင်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“မတူပီမြို့ကနေ (၁၂)မိုင်မရောက်ခင် တောင်တွေကွယ်နေတဲ့အတွက် မြို့ကိုပြန်မမြင်ရတော့ဘူး အခု စစ် ကြောင်း ရောက်နေတာက (၂၂)မိုင်မှာ။ အဲဒီနေရာက မတူပီမြို့ပေါ်နဲ့ မျက်နှာချင်းဆိုင်လောက်ကျတယ်။ (၄)မိုင်နဲ့ဆို ငါးမိုင်လောက်ပဲဝေးတဲ့အတွက် လက်နက်ကြီးနဲ့ လှမ်းပစ်ရင် အချိန်မရွေးပစ်လို့ရတဲ့နေရာ ဖြစ်တယ်" ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

ယခင်စစ်ကြောင်းများထွက်စဉ်က မတူပီမြို့အခြေစိုက် ခလရ (၁၄၀)မှ ၁၂၀ မမဖြင့် ပစ်ခတ်ခဲ့ခြင်းရှိသဖြင့် ပြည်သူများအနေဖြင့် လက်နက်ကြီးအန္တရာယ် ရှိနေကြောင်း ဆိုသည်။

ထို့ပြင် အထိနာနေသောစစ်ကြောင်းဘက်မှ လေကြောင်းပစ်ကူများလည်း အချိန်မရွေး ရောက်ရှိလာနိုင် သဖြင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာများတွင် သတိဖြင့်သွားလာနေထိုင်ကြရန် ပြောရေး ဆိုခွင့်ရှိသူက သတိထားပေးသည်။

ယခင်က မတူပီ-ပလက်ဝလမ်းပေါ်တွင် စစ်ကြောင်းထိုးပါက ဒေသခံများမှာ နှစ်ရက်သုံးရက်ခန့်သာ တိမ်း ရှောင်ရလေ့ရှိပြီး ယခုအကြိမ်တွင် မမျှော်လင့်ဘဲ ၁၀ ရက်ကျော် တိမ်းရှောင်နေရသဖြင့် စားနပ်ရိက္ခာ ၊ ဆေးဝါးနှင့် အဝတ်အထည် အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly