“လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်” ရွာပေါင်းစုံသပိတ်ဆက်လက်ဆန္ဒပြ

By ပါခွီး (မဇ္ဈိမ)
31 March 2023
“လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်” ရွာပေါင်းစုံသပိတ်ဆက်လက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် တောင်ယာလုပ်ငန်းခွင်မှ ပြည်သူများ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ချီတက်ဆန္ဒပြကြသည်။

ယနေ့ မတ်လ ၃၁ရက်တွင် “လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်” စာတမ်းကို ကိုင်းဆွဲပြီး တောင်ယာလုပ်ငန်းခွင်ရှိ ပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေး ပြုခဲ့ကြကြောင်း သိရှိရသည်။

ရွာပေါင်းစုံသပိတ်ကော်မတီသည် ရက်ပေါင်း ၇၅၂ ရက်မြောက်‌နေ့အဖြစ် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။မောင်ကြီး

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#ဆားလင်းကြီးမြို့နယ်

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly