ကြံခင်းမြို့နယ်တွင် "NUG အစိုးရ ဒို့အစိုးရ ၊ PDF တွေအောင်မြင်ပါစေ ၊ EAO တွေအောင်မြင်ပါစေ"စာတန်းကိုင်စွဲ ဆန္ဒပြ

By မင်းထက် (မဇ္စျိမ)
31 March 2023
ကြံခင်းမြို့နယ်တွင် "NUG အစိုးရ ဒို့အစိုးရ ၊ PDF တွေအောင်မြင်ပါစေ ၊ EAO တွေအောင်မြင်ပါစေ"စာတန်းကိုင်စွဲ ဆန္ဒပြ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မတ် လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့ပေါ်တစ်နေရာ၌ "NUG အစိုးရ ဒို့အစိုးရ ၊ PDF တွေအောင်မြင်ပါစေ ၊ EAO တွေအောင်မြင်ပါစေ"စာသားပါ ဘန်နာအား စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှကိုင်စွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်န ဝါရီလမှ စတင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါ သပိတ်အဖွဲ့၏ (၃၇) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly