တရုတ်က လူမှုမီဒီယာနှင့် ကိုယ်တိုင်ထုတ်လွှင့်သည့် မီဒီယာများကို ပစ်မှတ်ထား ဖိနှိပ်လာ

By ANI 
31 March 2023
တရုတ်က လူမှုမီဒီယာနှင့် ကိုယ်တိုင်ထုတ်လွှင့်သည့် မီဒီယာများကို ပစ်မှတ်ထား ဖိနှိပ်လာ

တရုတ်နိုင်ငံတွင် သတင်းသမားများအဖြစ် မှတ်ပုံမတင်ထားသည့် အင်တာနက်သုံးစွဲသူများသည် လွတ်လပ်စွာဖန်တီးထားသည့် သတင်းများကို လူမှုမီဒီယာ သို့မဟုတ် ဝက်ဘ်ဆိုက်ပေါ်တွင် တင်လေ့ရှိကြပြီး ထိုသို့သော ကိုယ်တိုင်ထုတ်လွှင့်သောမီဒီယာများအပေါ် တရုတ်အာဏာပိုင်များက ထိန်းချုပ်ရန် ထပ်မံကြိုးစားလာကြောင်း Bitter Winter သတင်းက ဖော်ပြသည်။

ကိုယ်တိုင်ရိုက်ကူးထုတ်လွှင့်သည့်မီဒီယာမှ တင်ဆက်သူများသည် ၎င်းတို့ကို ယုံကြည်မှုရစေရန်နှင့် ပရိသတ်ကို လှည့်ဖြားရန် ပင်မမီဒီယာများ၏ တင်ဆက်မှုများနှင့် ပုံစံများကို ပုံတူကူးယူကြကြောင်း တရုတ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ကိုယ်တိုင်ထုတ်လွှင့်သည့် မီဒီယာများသည် တရုတ်အစိုးရကို ပစ်မှတ်ထားလာကြောင်းနှင့် ယင်းက မူဝါဒများကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ပြောကြားခဲ့သည်။

ယင်းမီဒီယာများကို ၂ လအတွင်း ရှင်းလင်းရန် တရုတ်ကွန်မြူနစ်ပါတီ(CCP)က ညွှန်ကြားခဲ့သည်။

ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြူနီစီပယ်များ၏ CCP ကော်မတီများမှ အင်တာနက် သတင်းအချက် အလက်ရုံးများသည် ဗဟိုအစိုးရနှင့် ရှင်ကျန်းထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးကော်ပိုရေးရှင်း၏ အင်တာနက် သတင်းအချက်အလက်ရုံး၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိသည်။

ကိုယ်တိုင်ထုတ်လွှင့်သည့် မီဒီယာများသည် အဖြစ်အပျက်အမှားများကို လုပ်ကြံဖန်တီးပြီး ထူးထူး ဆန်းဆန်း ဇာတ်လမ်းများ၊ သတင်းမှားများ၊ အသေးစိတ်အချက်အလက်များ၊ အချို့သောဖြစ်ရပ်များ၏ ဖြစ်စဉ်  သို့မဟုတ် ရလဒ်များကို အတုအယောင်ဖန်တီးပြီး ကောလာဟလများ ဖြန့်ဝေသည်ဟု CCP က ဆိုထားသည်။  

တခြားသော ကိုယ်ပိုင်မီဒီယာများကလည်း ယခင်တော်လှန်ရေးသမားများ၏ ပြောကြားချက်များနှင့် တရုတ်ဂန္တဝင်များကို လုပ်ကြံဖန်တီးခြင်းဖြင့် တားမြစ်ထားသောအကြောင်းအရာများကို ပုံဖျက်ထုတ်လွှင့်နေသည် ဟု Bitter Winter က ဖော်ပြခဲ့သည်။
အချက်အလက်မှန်သော်လည်း ပါတီနှင့်အစိုးရကို ဝေဖန်ရန် သို့မဟုတ် ပျက်စီးစေရေးအတွက် မလိုမုန်းတီးသည့် ပုံစံဖြင့်လည်း ထုတ်လွှင့်နေကြောင်း တရုတ်အစိုးရက ပြောသည်။

ထောင်ပေါင်းများစွာသော ကိုယ်တိုင်မီဒီယာများကြောင့်ဖြစ်ရသည့် နစ်နာမှုများကို တရုတ်ကွန်မြူနစ်ပါတီက သတိထားမိလာခဲ့သည်။ 

ကိုယ်တိုင်ထုတ်လွှင့်သည့် မီဒီယာများသည် ကိုဗစ်ဆိုင်ရာ သီးခြားခွဲထားစောင့်ကြည့်ခြင်းနှင့် ဆက်စပ်သောဆန္ဒပြမှုများအကြောင်း တရားမဝင် အချက်အလက်များကိုလည်း ဖော်ပြခဲ့ကြောင်း Bitter Winter က ဖော်ပြခဲ့သည်။  
 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly