အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ မတ်လအတွင်းမှာ ပထမအကြိမ်ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အွန်လိုင်းရော၊ မြေပြင်မှာပါ ဖြေဆိုသူအရေအတွက် ၆၀၀၀၀ နီးပါးရှိခဲ့တယ်လို့ NUG ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက မဇ္ဈိမကို ပြောကြားပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို တောင်ပိုင်းစစ်ဒေသခွဲ အမှတ် (၃) မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်၊ ရဲမေတွေနဲ့ ဒေသခံပြည်သူတွေက ဝင်ရောက်ဖြေဆိုခဲ့ကြပြီး နယ်မြေခံစစ်ကြောင်း PDF ရဲဘော်တွေက လုံခြုံရေးနဲ့အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု တာဝန်ယူဆောင်ရွက်ပေးခဲ့ကြကြောင်းသိရပါတယ်။
NUG ရဲ့ ပထမအကြိမ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို မတ်လတွင်းမှာကျင်းပခဲ့ပြီးဒုတိယအကြိမ်ကိုတော့ လာမယ့်သြဂုတ်လမှာ ဆက်လက်ကျင်းပသွားမယ်လို့NUG ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန်ကဆိုပါတယ်။
ရုပ်သံတင်ဆက်၊တည်းဖြတ်-KMN
စာတည်း ။ ။ Alden