တရုတ်ကျူးကျော်မှု အန္တရာယ်ကြီးမားလာချိန် ထိုင်ဝမ်က Patton တင့်ကားများကို အဆင့်မြှင့်တင် 

By Eurasian times 
29 March 2023
တရုတ်ကျူးကျော်မှု အန္တရာယ်ကြီးမားလာချိန် ထိုင်ဝမ်က Patton တင့်ကားများကို အဆင့်မြှင့်တင် 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် M60A3 Patton တင့်ကားများတွင် အသုံးပြုနေသည့် ခေတ်မမီတော့သော အင်ဂျင်များနေရာတွင် AVDS 750 hp အင်ဂျင်များ တပ်ဆင်ရေးအတွက် အမေရိကန်အခြေစိုက် အင်ဂျင်ထုတ်လုပ်သူ Renk America (RA) ကို ရွေးချယ်လိုက်သည်။

စာချုပ်၏ ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃၆ သန်း ဖြစ်ပြီး လုပ်ငန်းအားလုံးသည် ၂၀၂၈ ခုနှစ်တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသည်။

ယင်းကြိုးပမ်းမှုသည် တရုတ်ကျူးကျော်မှု အန္တရယ်ကြီးမားလာခြင်းကြောင့် ထိုင်ဝမ်၏ စစ်ရေးစွမ်းရည်ကို တိုးမြှင့် ရန် လုပ်ဆောင်နေသည့် အစီအမံများအနက် တစ်စိတ်တစ်ပိုင်းဖြစ်သည်။
အဆိုပါတိုက်ပွဲဝင်တင့်ကားများကို လက်ရှိတွင် မြင်းကောင်ရေအား ၇၅၀ ရှိ အင်ဂျင် တပ်ဆင်ထားသော်လည်း နှစ်ရှည်လများ အသုံးပြုပြီး ဟောင်းနွမ်းနေပြီဖြစ်သဖြင့် စွမ်းဆောင်ရည်မကောင်းတော့ပေ။

ချန်ဆန်းနိုင်ငံတော်သိပ္ပံနှင့် နည်းပညာဌာန (NCSIST) ကလည်း တင့်ကားများ၏ ပစ်ခတ်မှု၊ သေနတ်ထိန်းချုပ် မှုနှင့် မြင်ကွင်းစနစ်များကို ခေတ်မီစေရေးအတွက် ထိုင်ဝမ်ဒေါ်လာ ၁၅ ဒသမ ၅၆ သန်း အသုံးပြုမည်ဖြစ်သည်။ 
ထိုင်ဝမ်တွင် ၁၉၈၇ ခုနှစ်တွင် စတင်အသုံးပြုခဲ့သော M60A3 Patton တင့်ကားများသည် ပင်မရွှေ့ပြောင်းအမြောက်တပ်ဖွဲ့မှ ဖြစ်သည်။

ထိုင်ဝမ်စစ်တပ်သည် ၁၉၉၅ ခုနှစ်မှ ၂၀ဝဝ ပြည့်နှစ်အတွင်း အမေရိကန်ထံမှ M60A3 တင့်ကား ၄၆၀ စီးကို ဝယ်ယူခဲ့သည်။ အမေရိကန်စစ်တပ်သည် ပိုမိုအားကောင်းသော M1s များကို ဦးစားပေးအသုံးပြုလာခြင်းကြောင့် ၁၉၉၄ မှ ၁၉၉၇ ခုနှစ်အတွင်း ၎င်း၏တပ်တွင် ယင်းတင့်ကားများကို အသုံးပြုမှု တဖြည်းဖြည်း လျှော့ချခဲ့သည်။

M60A3 တင့်ကားများကို ထိုင်ဝမ်၏ နှစ်စဉ် ဟန်ကွမ်စစ်လေ့ကျင့်မှုတွင် အဓိကအသုံးပြုခဲ့သည်။ ထို့ပြင် ထိုင်ဝမ် စစ်တပ်တွင် CM-12 တင့်ကား ၂၅၀ စီးနှင့် CM-11 ပင်မတိုက်ခိုက်ရေးတင့်ကား ၄၀ဝ ကိုလည်း အသုံးပြုနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly