စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယမန်နေ့ မတ်လ ၂၇ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။
ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် "သွေးမအေးတဲ့ ရွှေနွယ်သွေး"ဘန်နာကို ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၅၃ ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြကြခြင်း ဖြစ်သည်။
သပိတ်ကော်မတီဝင်များသည် နယ်မြေအတွင်း၊ ကျေးရွာအတွင်း စစ်အကြမ်းဖက်အုပ်စု၏ ဝင်ရောက်အကြမ်းဖက်မှုကြောင့် သပိတ်စစ်ကြောင်းနေ့စဉ်မထွက်နိုင်သော်လည်း ပြောက်ကျားသပိတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
စာတည်း - သန့်ဇော်(သန်လျင်)