ယင်းမာပင်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက်ဆန္ဒပြ (ပုံသတင်း) 

By ကိုခင်မောင် (မဇ္ဈိမ)
28 March 2023
ယင်းမာပင်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက်ဆန္ဒပြ (ပုံသတင်း) 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယမန်နေ့ မတ်လ ၂၇ရက်နေ့တွင်  ဆက်လက်ချီတက် ဆန္ဒပြကြသည်။ 

ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည်  "သွေးမအေးတဲ့ ရွှေနွယ်သွေး"ဘန်နာကို ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး  ၆၅၃ ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြကြခြင်း ဖြစ်သည်။ 

သပိတ်ကော်မတီဝင်များသည် နယ်မြေအတွင်း၊ ကျေးရွာအတွင်း စစ်အကြမ်းဖက်အုပ်စု၏ ဝင်ရောက်အကြမ်းဖက်မှုကြောင့် သပိတ်စစ်ကြောင်းနေ့စဉ်မထွက်နိုင်သော်လည်း ပြောက်ကျားသပိတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly