တရုတ်သမ္မတ ရှီ၏ ရုရှားခရီးစဉ်က ပူတင်အား ပိုမိုအတင့်ရဲလာစေမည့်အန္တရာယ်ရှိကြောင်း လေ့လာသူများသုံးသပ် 

By CNA
28 March 2023
တရုတ်သမ္မတ ရှီ၏ ရုရှားခရီးစဉ်က ပူတင်အား ပိုမိုအတင့်ရဲလာစေမည့်အန္တရာယ်ရှိကြောင်း လေ့လာသူများသုံးသပ် 

ရုရှားသည် တရုတ်၏ မိတ်ဖက်ငယ်အဖြစ် ရှိနေသော်လည်း သမ္မတ ရှီကျင့်ဖျင်၏ ရုရှားခရီးစဉ်သည် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်အား ချုပ်ကိုင်နိုင်မည့် အခြေအနေမရှိကြောင်း   လေ့လာသူများက ပြောသည်။

 
သမ္မတရှီသည် ပြီးခဲ့သည့် သီတင်းပတ်က မြို့တော် မော်စကိုတွင် ပူတင်နှင့် ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကာ ယမန်နှစ် ဖေဖော်ဝါရီလက ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ရှီ၏ ပထမဆုံး ရုရှားခရီးစဉ်ဖြစ်သည်။ 

ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး အစီအစဉ်ကို ချပြခဲ့သည့်  တရုတ်သမ္မတသည် တည်ငြိမ်မှုကို ထိန်းသိမ်းပေးမည့် ဖျန်ဖြေသူအဖြစ် မိမိကိုယ်ကို ပုံဖော်ခဲ့သည်။
သို့သော် ရုရှားသည် အနောက်နိုင်ငံများ၏ ဖယ်ကြဉ်မှုခံနေရစဉ် တရုတ်နိုင်ငံအပေါ် ပိုမို မှီခိုအားထားလာရသော်လည်း ရှီ၏ ထောက်ခံမှုနှင့် လူကိုယ်တိုင်လာရောက်ခြင်းတို့က ပူတင်အား အားတက်ရုံမျှသာ ဖြစ်ပေမည်။ 

သည်ဟိဂ်မြို့အခြေစိုက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ပူတင်အား ဖမ်းဝရမ်းထုတ်ပြီးနောက် ရှီ၏တရုတ်ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

"ရှီရဲ့ ခရီးစဉ်က အထူးသဖြင့် သည်ဟိတ်ဂ်က ဖမ်းဝရမ်းထုတ်ခံထားရပြီးတဲ့နောက်မှာ ပူတင်ကို အားတက်စေခဲ့ပါတယ်" ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR) မှ ဥရောပဆိုင်ရာသုတေသီ လီရန်နာဖစ်ဇ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးအစီအစဉ်သည် ရုရှားအား မျက်နှာသာပေးထားသလို ပဋိပက္ခထပ်မဖြစ်အောင် တားဆီးခြင်းထက် သွယ်ဝိုက်ထောက်ခံအားပေးလျက် စစ်ပွဲကို အဆုံးသတ်ရေးအတွက် ရုရှားအား အချိန်ယူခွင့်ပေးထားကြောင်း လီရန်နာဖစ်ဇ်က ပြောကြားခဲ့သည်။

“ရှီက အထူးသဖြင့် တရုတ်နဲ့ ဓာတ်ငွေ့သဘောတူညီချက်နဲ့ပတ်သက်ပြီး အဆင်ပြေချင်တာ အသေအချာပါပဲ။ ဒါပေမယ့် ရုရှားက တရုတ်ကို ပိုမှီခိုလာရတယ်ဆိုတာ  ပူတင်က လက်ခံလာတဲ့အတွက် ရှီရဲ့ ခရီးစဉ်ဟာ သူ့အတွက် အရမ်းအရေးပါခဲ့ပါတယ်” ဟု လီရန်နာဖစ်ဇ်က ဆိုသည်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly