တော်လှန်ရေးနေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံစံ အစီအရင်အား YRF ရဲဘော်များ ပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)ဂ
27 March 2023
တော်လှန်ရေးနေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံစံ အစီအရင်အား YRF ရဲဘော်များ ပြုလုပ်

ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော တော်လှန်ရေးနေ့၌  စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံစံအစီအရင်အား YRF မှ ရဲဘော်များက ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါကျိန်စာတိုက် အစီအရင်များသည် အကြမ်းဖက်စစ်အုပ်စု(စစ်ကောင်စီတပ်)နှင့် အပေါင်းအပါတို့ ကြောက်ရွံ့တတ်သောအစီအရင်များဖြစ်ပြီး နေပြည်တော်၌ပြုလုပ်နေသည့် တပ်မတော်နေ့အခမ်းအနား နှင့် စစ်ကောင်စီတပ်၏ ကျဆုံးချိန်၊ နေ၀င်ချိန်ကိုရည်ရွယ်ကာ စီမံလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ဆို သည်။

“ကျနော်တို့ အစီအမံတွေ ဓာတ်ရိုက်ဓာတ်ဆင်တွေပြုလုပ်ပေးတဲ့ အောက်လမ်းဆရာတစ်ဦးရဲ့ အကူအညီ နဲ့ ဒီလှုပ်ရှားမှုကိုလုပ်ဆောင်ခဲ့တာပါ။ အဓိကရည်ရွယ်ချက်ကတော့ သူတို့တွေရဲ့နေ၀င်ချိန် အမြန်ရောက် ရှိဖို့ရယ် မင်းအောင်လှိုင်ရဲ့ဘ၀ဇာတ်သိမ်း အသေဆိုးနဲ့သေရဖိုပေါ့။ ပြည်သူတွေအားလုံးကလည်း မင်း အောင်လှိုင်ရဲ့ ဒီလိုဘ၀နိဂုံးကို စောင့်မျှော်နေကြတယ်”ဟု Yangon Revolution Force - YRF မှ တာဝန်ရှိသူက မဇ္ဈိမကို ဖြေကြားသည်။

အစီအရင်ပစ္စည်း မင်းအောင်လှိုင်ခေါင်းပြတ်ကို အကြမ်းဖက်စစ်ကောင်စီကြောင့် ကျဆုံးသွားသည့် ပြည် သူကိုးဦးကိုမြှုပ်နှံထားသည့်နေရာများမှ မြေမှုန်များဖြင့် ကိုးရက် ကိုးညတိုင်တိုင် အဓိဌာန်ပြုစီရင်ထား ကာ ၎င်း၏မွေးနံထောင့်တွင် န၀င်းကိုက်ထားရှိ၍ ကျိန်စာတကာ့ကျိန်စာတို့တွင် အကြမ်းဆုံးဟုဆိုကြ သော မင်းနန်သူကျိန်စာအစီအရင်ဖြင့် သက်စေ့ရွတ်ဖတ်ကျိန်ဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

ခေါင်းပြတ်အစီအရင်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဓာတ်တူနံသက်တူသောအရပ်ရှိ အမှိုက်ပုံ တစ်ခုတွင်သွားရောက်ချထားကာ  အညာမှဒေသခံပြည်သူတစ်ဦးကဲ့သို့ ၀တ်စားထားသော YRF ရဲဘော် တစ်ဦးက ခုံဖိနပ်ဖြင့်နင်းချေ၍ နေဝင်ချိန်တစ်ခု၌ အစီအရင်ကို အောင်မြင်စွာအဆုံးသတ်ခဲ့ကြောင်း သိရ သည်။

အညာဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးမီးရှို့သတ်ဖြတ်ခြင်း ခံနေရသော ပြည်သူများ ၏ ခံစားချက်အဆပေါင်းများစွာကို ၎င်းတို့ပြန်ခံစားရစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ရက်စက်မှုများကို ပြည်သူတစ်ရပ်လုံးက နေ့စဥ် နှင့်အမျှခံစားနေရပြီး ပြည်သူအများအပြားကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ပြုတ်ကျရေးအတွက် နည်းလမ်းမျိုးစုံဖြင့် လက်ရှိအချိန်ထိ ဆက်လက်တိုက်ပွဲ၀င်နေကြသည်။

ပြည်သူတစ်ရပ်လုံးသည် စစ်ကောင်စီတပ်၏ ကျဆုံးနေ၀င်ချိန်ကို ၀မ်းသာအားရစွာဖြင့် ကြည့်ရှုရန် စောင့် စားနေကြသည်ဟု YRF က ထုတ်ပြန်ထားသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly