ကန့်ဘလူခရိုင်မှာ ခမရ (၃၆၈) စစ်ကြောင်း အကြမ်းဖက်မီးရှို့သတ်ဖြတ်နေလို့ ကျေးရွာ ၈ ရွာထက်မနည်း တိမ်းရှောင်နေရ (ရုပ်သံ) 

By KMN မဇ္ဈိမ
25 March 2023
ကန့်ဘလူခရိုင်မှာ ခမရ (၃၆၈) စစ်ကြောင်း အကြမ်းဖက်မီးရှို့သတ်ဖြတ်နေလို့ ကျေးရွာ ၈ ရွာထက်မနည်း တိမ်းရှောင်နေရ (ရုပ်သံ) 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်မှာ မတ်လ ၂၃ ရက်နေ့ကစပြီး ခင်ဦးမြို့နယ်က ပြန်ထွက်လာတဲ့ ခမရ (၃၆၈) စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာတွေကို အကြမ်းဖက်မီးရှို့ပြီး ဒေသခံတွေကို သတ်ဖြတ်နေတာကြောင့် ကျေးရွာ ရှစ်ရွာထက်မနည်း တိမ်းရှောင်နေရတယ်လို့ ကန့်ဘလူဒေသခံက ပြောပါတယ်။ 

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် ၊ညောင်ဇင်ကြီးရွာက အိမ်ခြေ ၃၀ ကျော်ကို မတ်လ ၂၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးပြီး ကျောင်းထိုင်ဘုန်းကြီးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် စိတ်မမှန်တဲ့ အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ 

အမှတ် (၃၆၈) ခြေမြန်တပ်ရင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဆူးပုတ်ကုန်း၊ ဘိုကုန်း၊ ဘိုတဲကုန်း၊ မကုန်း၊ ညောင်ဇင်ကြီး၊ ပေလည်နှင့် သရက်ခေါင်းရွာစတဲ့ ကျေးရွာတွေက ပြည်သူ တစ်သောင်းခန့်ဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - သန့်ဇော်(သန်လျင်)
ရုပ်သံတင်ဆက်၊တည်းဖြတ်-KMN 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required