ထိုင်ဝမ်၏မဟာမိတ် ဟွန်ဒူးရပ်စ်က သံတမန်ဆက်ဆံရေးကို တရုတ်ဘက်ကူးပြောင်းရန် ကြိုးပမ်း

By BBC
23 March 2023
ထိုင်ဝမ်၏မဟာမိတ် ဟွန်ဒူးရပ်စ်က သံတမန်ဆက်ဆံရေးကို တရုတ်ဘက်ကူးပြောင်းရန် ကြိုးပမ်း

ဗဟိုအမေရိကနိုင်ငံဖြစ်သည့် ဟွန်ဒူးရပ်စ်က တရုတ်နှင့် တရားဝင်ဆက်ဆံရေးရရှိအောင် ကြိုးပမ်းနေခြင်းကြောင့် ထိုင်ဝမ်သည် တရားဝင်မဟာမိတ်အနည်းငယ်ထဲမှ ဟွန်ဒူးရပ်စ်ကို ဆုံးရှုံးရဖွယ်ရှိနေသည်။
ဟွန်ဒူးရပ်စ်သမ္မတ စီရိုမာရာကက်စထရိုက နိုင်ငံခြားဆက်ဆံရေးကို တိုးချဲ့ရန် အဓိကရည်ရွယ်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်က ဟွန်ဒူးရပ်စ်အား တရုတ်၏ ထောင်ချောက်အတွင်းသို့ မသက်ဆင်းမိစေရန် ချက်ချင်းသတိပေးခဲ့သည်။

ထိုင်ဝမ်ကို တရုတ်က သီးခြားခွဲထုတ်ရန် ကာလရှည်ကြာ ကြိုးစားခဲ့ပြီး ယင်း၏ မိတ်ဖက်များအား ထိုင်ဝမ်နှင့် အဆက်အသွယ်မပြုလုပ်ရန် တားမြစ်ထားသည်။

ဟွန်ဒူးရပ်စ်က တရုတ်ကို ပြောင်းလဲ အသိအမှတ်ပြုပါက ထိုင်ဝမ်ကို တရားဝင် အသိအမှတ်ပြုသည့် အစိုးရ ၁၃ ဖွဲ့သာ ရှိတော့မည်ဖြစ်သည်။
ထို့ပြင် သမိုင်းအရ ပြိုင်ဘက်အမေရိကန် တစ်ဖက်သတ်အသာစီးရနေသည့် ဒေသတစ်ခုတွင် တရုတ်က ခြေကုပ်ခွင့် ပိုရလာမည်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မတ်လ ၁၅ ရက်က ဟွန်ဒူးရပ်စ်ခေါင်းဆောင်၏ ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ပြီး ဖော်ရွေပြီး ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးဖြစ်ပေါ်လာစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
စိုင်အင်ဝမ်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်သည့် ၂၀၁၆ ခုနှစ်နောင်ပိုင်းတွင် ထိုင်ဝမ်သည် သံတမန် မဟာမိတ် ၈ နိုင်ငံ ဆုံးရှုံးခဲ့သည်။

ဟွန်ဒူးရပ်စ် သမ္မတက ထိုင်ဝမ်နှင့် ဆက်ဆံရေး ဖြတ်တောက်မည်လားဆိုသည်ကိုမူ အတိအကျ မပြောခဲ့ပေ။ သို့သော် ဟွန်ဒူးရပ်စ်သမ္မတ စီရိုမာရာကက်စထရိုက ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်ကြောင်း ယမန်နှစ် ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly