တရုတ်ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် ထိုင်ဝမ်က ဘက်မမျှသည့် စစ်ပွဲအတွက် ပြင်ဆင်နေ

By Wio news
22 March 2023
တရုတ်ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် ထိုင်ဝမ်က ဘက်မမျှသည့် စစ်ပွဲအတွက် ပြင်ဆင်နေ

အရှေ့ဥရောပတွင် ရုရှားကျူးကျော်စစ်ဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး ထိုင်ဝမ်အနေဖြင့် ယူကရိန်းထံမှ သင်ခန်းစာယူစရာများ ရှိနေသည်။

ထိုင်ဝမ်က မတ်လ ၁၄ ရက်တွင် စစ်ဘက်ဆိုင်ရာ ဒရုန်းများကို ထုတ်ဖော်ပြသခဲ့ပြီး ယင်းတို့သည် အနာဂတ်တွင် တရုတ်နှင့် ရင်ဆိုင်ရမည့် ဘက်မမျှသည့် စစ်ပွဲအတွက် အရေးပါကြောင်း ပြောကြားခဲ့သည်။
ဘက်မမျှသည့် စစ်ပွဲဟူသည် မတူညီသော စစ်ရေးစွမ်းရည်ရှိသော ပြိုင်ဘက် ၂ ဦး တိုက်ခိုက်ခြင်းဖြစ်ပြီး အောင်ပွဲသည် အင်အားသာလွန်တိုင်း အနိုင်ရရှိခြင်းမဟုတ်ပေ။ 

ထိုင်ဝမ်စစ်တပ်ပိုင် ချန်ဆန် သိပ္ပံနှင့်နည်းပညာအဖွဲ့အစည်း (NCSIST) က တီထွင်ထားသော  Albatross II ထောက်လှမ်းရေးဒရုန်းများနှင့် အခြားတိုက်ခိုက်ရေးဒရုန်းများကို ပြသခဲ့သည်။
ဒရုန်းများသည် ကမ္ဘာ့တည်နေရာပြစနစ် (GPS) ဂြိုဟ်တုများနှင့် ပေါင်းစပ်လုပ်ဆောင်နိုင်စွမ်းရှိသည်။

ယူကရိန်းစစ်ပွဲတွင် ဒရုန်းများအသုံးပြုမှုသည် ဖြစ်နိုင်ခြေရှိသော အနာဂတ်စစ်မြေပြင်တွင် ယင်းနည်းပညာ အသစ်များကို တိုက်ခိုက်ရေးလက်နက်အဖြစ် ပိုမိုအသုံးပြုရေးအတွက် ကြိုးပမ်းနေသော ထိုင်ဝမ်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
တရုတ်တွင် မကြာသေးမီက ကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးသစ် ကျင်ဂန်းက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ချိုးဖာက်ခြင်းမပြုရန် အမေရိကန်အား ပြင်းထန်စွာ သတိပေးခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ယခုသီတင်းပတ်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ၌ တရုတ် စစ်တပ်သည် ဒရုန်းများနှင့် ပျံသန်းနိုင်သော စက်ရုပ်အသစ်များဖြင့် အားဖြည့်ထားကြောင်း ဖော်ပြခဲ့သည်။ 
ထိုင်ဝမ်သည် တရုတ်၏ အနီးကပ်ခြိမ်းခြောက်မှုကြောင့် အခုအခါမှာ တိုက်ခိုက်ရေးနှင့် စောင့်ကြည့်ရေး ဒရုန်းများအပြင် ဒရုန်းတိုက်ဖျက်ရေးစနစ်များကိုလည်း ထုတ်လုပ်နေသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly