နိုင်ငံတကာမှစစ်လက်နက်ပုံများကိုအသုံးပြုကာ မြန်မာနိုင်ငံကထုတ်လုပ်နိုင်ပြီဟုဆိုပြီး ဖြန့်ဝေနေ

By TK (မဇ္ဈိမ)
21 March 2023
နိုင်ငံတကာမှစစ်လက်နက်ပုံများကိုအသုံးပြုကာ မြန်မာနိုင်ငံကထုတ်လုပ်နိုင်ပြီဟုဆိုပြီး ဖြန့်ဝေနေ

မြန်မာနိုင်ငံသည် ပြည်တွင်းထုတ် တာဝေးပစ်လက်နက်များပိုင်ဆိုင်ကြောင်း ကာကွယ်ရေးဝန် ကြီးဌာန၏ခွင့်ပြုချက်ဖြင့်ဟုဆိုကာ ရေးသားထားရာတွင် နိုင်ငံတကာမှ လက်နက်ပုံများပါ ရောနှောပါဝင် နေသည်ကို တွေ့ရသည်။

“စစ် နတ် သမီး” အမည်ဖြင့် ဖေ့စ်ဘုတ်အကောင့်မှ “အာဆီယံလောက်တော့ မြန်မာက သနားတယ်၊ ကာကွယ်ရေးကခွင့်ပြုလို့ တင်ပေးလိုက်ပြီ၊ ပြည်ပရန်ကာကွယ်ရေးအတွက် ပြည်တွင်းထုတ်တာဝေးပစ် ခဲတံများ”ဟုဆိုကာ ဓာတ်ပုံ ကိုးပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။

အဆိုပါအကြောင်းအရာကို လူပေါင်း ၁,၀၀၀ ကျော်မှကြိုက်နှစ်သက်ကြောင်းပြသထားပြီး လူ ၃၇၀ ကျော်မှ ပြန်လည်မျှဝေထားသည်။ ထိုလက်နက်များ ပိုင်ဆိုင်ထားခြင်းသည် အစစ်အမှန်ဖြစ်ပါက အလွန် ဂုဏ်ယူကြောင်း မှတ်ချက်ပြုသူများလည်း ရှိသည်။

မဇ္ဈိမအနေဖြင့် အဆိုပါဓာတ်ပုံများကို စစ်ဆေးရာတွင် ရုရှားစစ်တပ်နှင့် တရုတ်စစ်တပ်တို့၏ စစ်လက် နက်ပုံများလည်း ရောနှောပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိသည်။

အဆိုပါ ဓာတ်ပုံကိုးပုံတွင် မြန်မာစစ်တပ်၏ဓာတ်ပုံနှစ်ပုံပါဝင်ပြီး ပုံ(၁)မှာ မြန်မာစစ်တပ်သည် ရုရှားထုတ် 2K12 Kub ပိုင်ဆိုင်သည့်နိုင်ငံဖြစ်ကြောင်းဖော်ပြသည့် ပုံဖြစ်သည်။

https://bit.ly/3JWxL2g

ပုံ(၂)သည် ၂၀၁၈ ခုနှစ်က weaponsparade အမည်ရှိဝက်ဘ်ဆိုက်မှတင်ထားသည့် မြောက်ကိုရီးယား ပိုင်ဆိုင်သည့် Hyunmoo -1 ၏ ပုံဖြစ်သည်။

http://bit.ly/3TLoUEh

ပုံ(၃)သည် ၂၀၁၉ ခုနှစ်က Indo-Pacific News မှ ရေးသားထားသည့် အိန္ဒိယတပ်မတော်မှ လေကြောင်း ကာကွယ်ရေး လေ့ကျင့်နေသည့်မြင်ကွင်းပုံဖြစ်သည်။

https://bit.ly/406kN7W

အလားတူ မြန်မာစစ်ဗိုလ်တစ်ဦးရပ်ကြည့်နေသည့် ပုံ(၄)သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက Aljazeera သတင်းဌာနကရေးသားထားသည့်သတင်းမှ တူရကီနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ဓာတ်ပုံဖြစ်သည်။ မူရင်းပုံတွင် မြန်မာစစ်ဗိုလ်တစ်ဦး မတ်တပ်ရပ်နေသည့်ပုံမဟုတ်ဘဲ ပြုပြင်ထားသည့်ပုံဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

http://bit.ly/3LCImAQ

ပုံ(၅)မှာ ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်းများအကြောင်း ရေးသားဖော်ပြသည့် VITALY KUZMIN အမည်ရှိ

MILITARY BLOG တွင် ၂၀၁၇ ခုနှစ်က ဖော်ပြထားသည့် ပုံဖြစ်သည်။

https://bit.ly/3lspgmi

ပုံ(၆) သည် ၂၀၁၆ ခုနှစ်က “Kavkaz-2016” အမည်ရှိ စစ်ရေးလေ့ကျင့်မှုအတွက် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောဓာတ်ပုံများဖြစ်သည်။

https://bit.ly/3n6F0fp

ပုံ(၇)မှာ ပညာရေးဆိုင်ရာအချက်အလက်များကို အခမဲဖြန့်ဝေရန်ရည် ရွယ်ချက်ဖြင့်ဆောင်ရွက်နေသည့် Wikimedia ၌ မြန်မာစစ်တပ်နှင့်သက်ဆိုင်သည့် အချက်အလက်များဖြန့်ဝေထားမှုမှပုံဖြစ်သည်။ အဆိုပါ ဓာတ်ပုံနှင့်ပတ်သက်သောအချက်အလက် မရှိသလို မြန်မာနိုင်ငံတွင်ထုတ်လုပ်သည်ဟုလည်း ဖော်ပြထား ခြင်မရှိပေ။

http://bit.ly/3G1KtL9

ပုံအမှတ်(၈)မှာ ဗင်နီဇွဲလားနိုင်ငံက တရုတ်နိုင်ငံထုတ် ရေဒါ ၂၆ လုံးဝယ်ယူရန်ညှိနှိုင်းနေကြောင်း ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်ဝက်ဘ်ဆိုက်တခုမှဖော်ပြခဲ့သော သတင်းတွင်ပါဝင်သည့်ဓာတ်ပုံဖြစ်သည်။

http://bit.ly/3mWCZlF

နောက်ဆုံးဓာတ်ပုံဖြစ်သည့် ပုံအမှတ်(၉)မှာ တရုတ်နိုင်ငံသည် M-11 ဒုံးကျည်များ၊ ဒုံးကျည်ဆိုင်ရာနည်း ပညာများနှင့် ထုတ်လုပ်ရေးအကူအညီများကို ပါကစ္စတန်သို့ လွှဲပြောင်းပေးခဲ့ကြောင်း အမေရိကန် Intel ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အိန္ဒိယသတင်းဌာန Rediff.com မှ ဖော်ပြထားသည့်ပုံဖြစ်သည်။

http://bit.ly/3lpceWT

ထို့ကြောင့် လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့်လက်နက်များပုံများတွင် မြန်မာစစ်တပ်နှင့် သက်ဆိုင်သည့်ပုံ နှစ်ပုံသာပါဝင်ပြီး ကျန်ပုံများမှာ အင်တာနက်ပေါ်မှ သတင်းမီဒီယာအချို့၏ ဓာတ်ပုံများ၊ ပြုပြင် ဖန်တီး ထားသည့်ပုံများလည်း ရောနှောပါဝင်နေကြောင်း ဖော်ပြလိုက်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

#Fake_News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly