ခဲယမ်းမီးကျောက်ထုတ်လုပ်မှုတွင် တရုတ်က အမေရိကန်ထက် သာလွန်နေ

By ANI  
21 March 2023
ခဲယမ်းမီးကျောက်ထုတ်လုပ်မှုတွင် တရုတ်က အမေရိကန်ထက် သာလွန်နေ

အမေရိကန်သည် ဖောက်ခွဲရေးပစ္စည်းများနှင့် တွန်းကန်အားဖြစ်ပေါ်စေသည့်ပစ္စည်းများထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် တရုတ်နှင့် ပစ်ခတ်နိုင်စွမ်းအား ကွာဟမှု ကြီးမားလာသည့် အားနည်းချက်နှင့် ရင်ဆိုင်နေရကြောင်း အမေရိကန် သတင်းစာ Asia Times က ဖော်ပြလိုက်သည်။ 

တရုတ်က ပေါက်ကွဲစေသောပစ္စည်းအသစ်များ တီထွင်ထုတ်လုပ်ရာတွင် အမေရိကန်ကို ကျော်တက်သွားခဲ့သည်။

မတ်လတွင် Forbes ၏ ဖော်ပြချက်အရ တရုတ်က ဖောက်ခွဲရေးပစ္စည်းအမျိုးအစားသစ်များ တီထွင်ရာတွင် အမေရိကန်ကို ကျော်တက်သွားခဲ့ပြီး အထူးသဖြင့် ၁၉၈၀ ပြည့်နှစ်များတွင် တီထွင်ခဲ့သော ပေါက်ကွဲစေ သောပစ္စည်း ဖြစ်သည့် CL-20 အမျိုးအစားသည် ဒုတိယကမ္ဘာစစ်ကတည်းက အမေရိကန်က တွင်ကျယ်စွာ အသုံးပြုလာခဲ့သည့် RDX သို့မဟုတ် HMX ထက် ၄၀ ရာခိုင်နှုန်း ပိုမိုစွမ်းအားမြင့်မားကြောင်း၊ Asia Times က ဖော်ပြသည်။

Forbes ၏ အစီရင်ခံစာတွင် တရုတ်က CL-20 နှင့် အလားတူပစ္စည်းကို ၂၀၁၁ ခုနှစ်တွင် စမ်းသပ်ခဲ့ပြီး ပေါက်ကွဲစေသောပစ္စည်းများကို အမြောက်အမြားထုတ်လုပ်ခဲ့သည်။

အမေရိကန်စစ်တပ်၏ ဖောက်ခွဲရေးပစ္စည်းများအားလုံးကို တန်နက်ဆီပြည်နယ် ဟူစတန်မြို့ရှိ အမေရိကန်စစ်တပ်စက်ရုံတစ်ခုတည်းတွင် ထုတ်လုပ်နေပြီး ဒုတိယကမ္ဘာစစ်ကာလက ထုတ်လုပ်မှုနှင့် ရောစပ်ခြင်းနည်းလမ်းများကို အသုံးပြုနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
CL-20 ကဲ့သို့သော ခေတ်မီဖောက်ခွဲရေးပစ္စည်းများကို နည်းပညာဟောင်းများအား အသုံးပြု၍ အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နေသည်ဟုလည်း ထောက်ပြထားသည်။

အမေရိကန်သည် လက်ရှိသိုလှောင်ထားသော ဓာတုပစ္စည်းများဖြင့် နှစ်စဉ် CL-20 တန်ချိန် ၁၀ဝ ထုတ်လုပ်နိုင်သော်လည်း CL-20 ကို တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် ထုတ်လုပ်မှုနှုန်းမှာ နှစ်စဉ် တန်ချိန် ၁၀ဝဝ အထိ လိုအပ်မည်ဖြစ်ပြီး အမေရိကန်ကုမ္ပဏီများသည် ယင်းပမာဏအထိ ရရှိရန် ၃ နှစ်မှ ၅ နှစ်အထိ အချိန်လိုအပ်မည်ဖြစ်သည်။

CL-20 ကဲ့သို့သော ခေတ်မီဖောက်ခွဲရေးပစ္စည်းများကို ရှေးဟောင်းနည်းပညာများကို အသုံးပြု၍ ထုတ်လုပ်ပါက အရေအတွက်အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
တရုတ်သုတေသီများသည် ဖောက်ခွဲရေးလက်နက်များကို ထုတ်လုပ်ရေးအတွက် ဘိုရွန်စွမ်းအင်သုံး အခဲ-လောင် စာဖြင့်လည်ပတ်သည့် အင်ဂျင်အမျိုးအစားအသစ်ကို တီထွင်ခဲ့သည်။

အမေရိကန်က စစ်ဘက်သုံးဖောက်ခွဲရေးပစ္စည်းများနှင့် တွန်းကန်အားဖြစ်ပေါ်စေသည့် ဓာတ်ငွေ့၊ ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဒါဇင်ဝက်ခန့်သော ဓာတုဗေဒပါဝင်ပစ္စည်းအမျိုးအစားအတွက် တစ်ခုတည်းသော အရင်းအမြစ်အဖြစ် တရုတ်ကို မှီခိုနေပြီး အခြားဒါဇင်ခန့်သော ပါဝင်ပစ္စည်းများအတွက် အခြားနိုင်ငံများကို မှီခိုနေရခြင်းကြောင့် အမေရိကန်၏ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း Forbes သတင်းဌာန ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly