ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်နည်းပြတွေဖြစ်တဲ့ ဇာဗီ ဟာနန်ဒက်ဇ်နဲ့ ကာလို အန်ဆယ်လော့တီတို့ဟာ တနင်္ဂနွေနေ့က ကလက်စီကို (Clasico)ပွဲမှာ VAR က မာကို့ အဆန်စီယိုရဲ့ နောက်ကျ သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာနဲ့ပတ်သက်လို့ သဘောထားကွဲလွဲခဲ့ကြပါတယ်။
ဖရန့် ကက်စ်စီဟာ သူ့အသင်းကို လာလီဂါအမှတ်ပေးဇယားထိပ်မှာ ၁၂ မှတ်ဖြတ်စေမယ့် ပွဲပြီးဆုံးချိန်ခါနီး အနိုင်ဂိုးသွင်းပေးခဲ့ပြီး ဘာစီလိုနာတို့ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပေယ့်လည်း လက်ကျန် ၁၀ မိနစ်မှာ ၁-၁ ဂိုးနဲ့ သရေကျနေတဲ့အခိုက် အဆန်စီယာက ရီးယဲလ်မက်ဒရစ်အတွက် ဂိုးသွင်းခဲ့ပါတယ်။
ဒါပေမယ့် VAR စစ်ဆေးပြီးနောက်မှာတော့ စပိန်တိုက်စစ်မှူး လူကျွံဘောဖြစ်တာကြာင့် ဒီဂိုးဟာ ပယ်ချခံခဲ့ရပါတယ်။
“ကျနော်တို့ သံသယရှိနေဆဲဖြစ်တဲ့ လူကျွံဘောတစ်ခုကြောင့် ကျနော်တို့ အနိုင်မရခဲ့ပါဘူး”လို့ အန်ဆယ်လော့တီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"ဒါက လူကျွံတယ်ဆိုတာ အရမ်းကြီး မသေချာပါဘူး။ ကျနော်တို့ သံသယတွေ ရှိနေပြီး အဲဒီသံသယနဲ့ပဲ မက်ဒရစ်ကို ပြန်သွားမှာပါ။"
ဒါပေမယ့် ဇာဗီက သူ့ရဲ့ ပြိုင်ဘက်နဲ့ လုံးဝသဘောမတူခဲ့ပါဘူး။
“ဒါက ရှင်းပါတယ်၊ လူကျွံဘောဆိုတာ အရှင်းကြီးပါ၊ အဲဒါက သိပ္ပံနည်းကျမှုတစ်ခုပါပဲ၊ မဟုတ်ဘူးလား၊ အန်ဆယ်လော့တီ ပြောတာကို ကျနော် အံ့သြမိတယ်”လို့ ဇာဗီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“VAR မရှိရင် အရာအားလုံးက ပိုခက်ခဲပါတယ်။ ဒါဟာ လူကျွံဘောတွေအားလုံးဆိုတာထက် ပိုမျှတမှုနဲ့ အဆုံးသတ်နိုင်ခဲ့တယ်။
"ပင်နယ်တီ ဒါမှမဟုတ် လက်ထိပစ်ဒဏ်က ဒိုင်လူကြီးအတွက် ခက်ခဲနိုင်ပေမယ့် ဒါက ဖြစ်သလား မဖြစ်ဘူးလားဆိုတာကိုပေါ့၊ ဒါကြောင့်မို့လို့ ကျနော် အန်ဆယ်လော့တီကို အံ့အားသင့်မိတာပါ။"
နည်းပြက လိဂ်ပြိုင်ပွဲကို ဗိုလ်မစွဲသေးဘူးလို့ ဆိုပေမယ့် သူ့အသင်းဟာ အခြေအနေကို ထိန်းကျောင်းအောက်မှာ ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။
“ကျနော်တို့ စူပါဖလား (ဒီရာသီ) ပဲ ရထားပါတယ်။ ဒါပေမယ့် ဒီလိဂ်ကပဲ ကျနော်တို့ ရှုံးနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေပါတယ်”လို့ သူက ဆက်လက် ပြောခဲ့ပါတယ်။
ရာသီအစ ခက်ခဲမှုကနေ သူ့အသင်းဟာ အားကောင်းသန်မာစွာ ပြန်လာနိုင်ခဲ့တယ်လို့ ဇာဗီက ပြောပါတယ်။
" ပျော်ရွှင်မှုတွေ၊ ကျေနပ်မှုတွေအများကြီးရခဲ့တယ်ဆိုတာ ပွဲအပြီးမှာ ခင်ဗျားမြင်ခဲ့ရမှာပါ၊ ကျနော်တို့တွေ ဘယ်က လာတယ်ဆိုတာ မေ့လို့မရပါဘူး။"လို့ နည်းပြက ၂၀၁၉ နောက်ပိုင်း သူတို့ရဲ့ပထမဆုံးလိဂ်ဖလားကို ဘာစီလိုနာတို့ ရယူဖို့ နီးစပ်လာမှုအတွက် ဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။
"အောက်တိုဘာလက ဘာနေဗျူးမှာ (ကလက်စီကို) ရှုံးပွဲတွေ့ပြီးနောက် ကျနော်တို့က မက်ဒရစ်ရဲ့ နောက် သုံးမှတ်အကွာ ၁၅ မှတ်ရခဲ့တယ်။ အဲဒါက ကျနော်တို့ရဲ့ ကမ်ပိန်းနဲ့ ပတ်သက်ပြီး တစ်ခုခုပြောနေပါပဲ။"
(AFP)