ဝက်လက်မြို့နယ်အတွင်းမှ နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး (ရုပ်သံ)

20 March 2023
ဝက်လက်မြို့နယ်အတွင်းမှ နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမ္မာရိုးစံပြကျေးရွာကို စစ်ကောင်စီတပ်တွေက မတ်လ ၁၇ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၂၆၉ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အသက်(၉၀) အရွယ် အဖွားအိုတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့သပိတ်ခေါင်းဆောင် ကိုနေမင်းခန့်က ပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးနေတဲ့အခြေအနေတွေကို တင်ဆက်ပေးထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required