အာဖဂန်နစ္စတန်က ကမ္ဘာတွင် အကြမ်းဖက်မှုဒဏ်အခံရဆုံးနိုင်ငံ ဖြစ်လာ

By ANI
20 March 2023
အာဖဂန်နစ္စတန်က ကမ္ဘာတွင် အကြမ်းဖက်မှုဒဏ်အခံရဆုံးနိုင်ငံ ဖြစ်လာ

အာဖဂန်နစ္စတန်တွင် တိုက်ခိုက်မှု ၇၅ ရာခိုင်နှုန်းနှင့် သေဆုံးမှုများ ၅၈ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားသော်လည်း အကြမ်းဖက်မှုကြောင့် ထိခိုက်မှုအရှိဆုံးနိုင်ငံအဖြစ် ၄ နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း ကမ္ဘာ့အကြမ်းဖက်မှုညွှန်းကိန်း (GTI) တွင် မတ် ၁၄ ရက်က ဖော်ပြထားကြောင်း အာဖဂန်အခြေစိုက် Khaama သတင်းဌာနက ဖော်ပြသည်။

အဆိုပါ GTI ညွှန်းကိန်းတွင် နိုင်ငံအကြီးအကဲများ၏ ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများ မပါဝင်သေးပေ။ အဆိုပါအစီရင်ခံစာတွင် တာလီဘန်တို့ နိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်း ကျူးလွန်ခဲ့သော လုပ်ရပ်များအားလုံး ထည့်သွင်းထားခြင်းမရှိပေ။
အာဖဂန်နစ္စတန်၌ ၂၀၂၂ ခုနှစ်တွင် အကြမ်းဖက်မှုနှင့် ဆက်နွှယ်သော သေဆုံးသူ ၆၃၃ ဦးရှိခဲ့ကာ ၈၆၆ ဦးခန့် ကျဆင်းခဲ့သော်လည်း ၂၀၂၁ ခုနှစ်ကထက် ၅၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။

တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် အာဖဂန်နစ္စတန်တွင် အစ္စလာမ္မစ်နိုင်ငံတော်-ခိုရန်ဆန်အကြမ်းဖက်အဖွဲ့သည် အလှုပ်ရှားဆုံး အကြမ်းဖက်အဖွဲ့အဖြစ် ပေါ်ထွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လူ ၄၂၂  ဦး သေဆုံးမှုအတွက် တာဝန်ရှိသည်ဟု GTI က ဖော်ပြခဲ့သည်။ ယင်းပမာဏသည် တစ်နှစ်တာအတွင်း အကြမ်းဖက်မှုနှင့် ဆက်နွှယ်သည့် စုစုပေါင်းသေဆုံးမှု၏ ၆၇ ရာခိုင်နှုန်း ရှိကြောင်း Khaama Press က ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန် မြောက်ပိုင်း ဘာလ်ခ်ပြည်နယ်ရှိ ရှီယိုက်ယဉ်ကျေးမှုစင်တာတစ်ခုတွင် မကြာသေးမီက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

ဗုံးဖောက်ခွဲမှုသည် ပြည်နယ်မြို့တော် မာဇာ-အီ-ရှရစ်ဖ်ရှိ အာဖဂန်မီဒီယာများကို ဂုဏ်ပြုသော အခမ်းအနားကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံရဲတစ်ဦးက VOA သို့ ပြောကြားခဲ့သည်။ ဒဏ်ရာရသူများထဲတွင် သတင်းထောက် ၅ ဦးနှင့် ကလေး  ၃ ဦးပါဝင်သည်ဟု ဆိုသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly