"ဗမာပြည်တော်လှန်ရေးရဲ့ သွေးခင်းလမ်းဟာ တိုက်ပွဲများနဲ့ပြည့်လျှံ နေပါစေ”စာသားပါ ဘန်နာကိုင်စွဲကာ ရန်ကုန်မြို့တွင် ဆန္ဒပြ

By ဂန္ဒမာ
18 March 2023
"ဗမာပြည်တော်လှန်ရေးရဲ့ သွေးခင်းလမ်းဟာ တိုက်ပွဲများနဲ့ပြည့်လျှံ နေပါစေ”စာသားပါ ဘန်နာကိုင်စွဲကာ ရန်ကုန်မြို့တွင် ဆန္ဒပြ

(မဇ္ဈိမ)။ ။ "ဗမာပြည်တော်လှန်ရေးရဲ့ သွေးခင်းလမ်းဟာ တိုက်ပွဲများနဲ့ ပြည့်လျှံနေပါစေ”စာသားပါ ဘန်နာကိုင်စွဲကာ ရန်ကုန်မြို့ တစ်နေရာတွင် ယနေ့ မတ်လ ၁၈ ရက် နံနက်ပိုင်းက ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒပြပွဲတွင် ပြည်သူလူထုကြား သပိတ်တရားဟောကြားခြင်းပြုလုပ်ခဲ့ပြီး အာဏာသိမ်းကာလ နှစ်နှစ်ကျော်လာပြီဖြစ်ကြောင်းနှင့် နှစ်နှစ်တာ ကာလအတွင်း စစ်အုပ်စု၏ ဖိနှိပ်မှုများကြောင့် ကြပ်တည်းခက်ခဲမှုများစွာကို မမေ့ကြရန် သတိပေးစကားများ ပြောကြားခဲ့သည်ကို တွေ့ရသည်။

သပိတ်မှောက်ဆန္ဒပြပွဲအား ရန်ကုန်မြို့ရှိ လူထူထပ်သော စျေးတစ်နေရာတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ(ဗကသများအဖွဲ့ချုပ်) နှင့် Burmese Youth Revolutionary Force -BYRF တို့ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly