ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီသပိတ် ကော်မတီမှ (၂၂) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

By မင်းထက် (မဇ္စျိမ)
16 March 2023
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီသပိတ် ကော်မတီမှ (၂၂) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် စကြဝတေး သပိတ်ကော်မတီမှ ယနေ့ မတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် ၎င်းတို့သပိတ်ကော်မတီ၏ (၂၂) ကြိမ်မြောက်အဖြစ် ထပ်မံဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။

"ခွေးရူးကောင်းစား တစ်မွန်းတည့် အာဏာရှင်ကောင်းစား ခဏဘဲ"စာသားပါ ဘန်နာ(ဗီနိုင်း)အား စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်များမှ ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော် မတီဝင်တစ်ဦးက ပြောသည်။

ယမန်နေ့ မတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များဦးဆောင်ကာ ကြံခင်းမြို့နယ်၊ပုသိမ်-မုံရွာလမ်းမကြီးဘေး ကံရွာနှင့် ကြို့ပင်စုရွာ ဆက်သွယ်ထားသည့် လမ်းပေါ်၌ "ငါတို့ချစ်တဲ့ ဧရာဝတီ နိုးထကြ ပုန်ကန်ကြ တော်လှန်ကြ"စာသားပါ ဘန်နာအားချိတ်ဆွဲကာ လူမဲ့သပိတ်ပြုလုပ် ဆန္ဒထုတ်ဖေါ်ခဲ့သေးသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် လူမဲ့သပိတ်ပြုလုပ်ထားရာနေရာနှင့် ကြံခင်းမြို့ပေါ်နေရာအနှံ့အပြားသို့  စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာကာ သပိတ်ကော် မတီဝင်များ၏ သတင်းများအား လိုက်လံစုံစမ်းနေခဲ့ကြသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required