အာဖဂန်နစ္စတန်တွင် သဘာဝဘေးဒဏ်ကြောင့် ယခုနှစ်အတွင်း  သေဆုံးသူ ၁ ၀၀၀ ကျော်ရှိ 

By Tolo News
16 March 2023
အာဖဂန်နစ္စတန်တွင် သဘာဝဘေးဒဏ်ကြောင့် ယခုနှစ်အတွင်း  သေဆုံးသူ ၁ ၀၀၀ ကျော်ရှိ 

အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းတွင် ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် လူပေါင်း ၁ ၀၀၀ ကျော် သေဆုံးပြီး ၂ ၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ်က သဘာဝဘေးအန္တရာယ်ကြောင့် လူပေါင်း ၁ ၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အစည်းဝေး၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ မူလာဂျန်ဆာအစ်က ပြောကြားခဲ့သည်။

“အာဖဂန်နစ္စတန်မှာ လူပေါင်း ၁ ၀၉၆ ဦး အသက်ဆုံးရှုံးခဲ့တယ်။ လူ ၂ ၁၅၇ ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ် ၁၀ ၈၀၆ လုံး ပျက်စီးသွားတယ်” ဟု ၎င်းက ပြောသည်။
တစ်နှစ်တာအတွင်း အိမ်ခြေ ၁၁ ၀၀၀ နီးပါး ပျက်စီးခဲ့ပြီး သဘာဝဘေးအန္တရာယ်သည် ပြည်နယ် ၂၂ ခုကို ခြိမ်းခြောက်နေဆဲ ဖြစ်ကြောင်း အာဏာပိုင်များကပြောသည်။

“ဒီနှစ်မှာ နိုင်ငံရဲ့ ပြည်နယ် ၂၂ ခုမှာ ပြည်သူတွေ ဘဏ္ဍာငွေ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်။ ဒီပြည်နယ်တွေဟာ လက်ရှိမှာလည်း သဘာဝဘေးအန္တရာယ်တွေ ကြုံရမယ့်အန္တရာယ်ရှိပါတယ်” ဟု သဘာဝဘေးအန္တရာယ် ဝန်ကြီးဌာန နိုင်ငံခြားရေးဌာနအကြီးအကဲ ရှမ်ဆွဒ်ဒင် ဟက်ရာက ပြောကြားခဲ့သည်။

ဝန်ကြီးဌာနသည် သဘာဝဘေးဒဏ်ခံခဲ့ရသော မိသားစုများစွာကို မြေယာများ ပေးအပ်ခဲ့သည်ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly