တရုတ်ထုတ် ဝန်ချီစက်များက ထောက်လှမ်းရေးကိရိယာများဖြစ်နိုင်သဖြင့် အမေရိကန် စောင့်ကြည့်နေ

By Marine insight
15 March 2023
တရုတ်ထုတ် ဝန်ချီစက်များက ထောက်လှမ်းရေးကိရိယာများဖြစ်နိုင်သဖြင့် အမေရိကန် စောင့်ကြည့်နေ

စစ်တပ်တွင် ဘက်စုံအသုံးပြုနေသည့် ဝန်ချီစက်များအပါအဝင် အမေရိကန်တစ်ဝန်းရှိ ဆိပ်ကမ်းများတွင် အသုံးပြု နေသော တရုတ်ထုတ် ဝန်ချီစက်များတွင် ပုံဖျက်ထားသည့် သူလျှိုကိရိယာများ တပ်ဆင်ထားနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူများက စိုးရိမ်လာကြသည်။

ပင်တဂွန်နှင့် နိုင်ငံတော်လုံခြုံရေးအရာရှိအချို့က တရုတ်ကုမ္ပဏီ ZPMC က ထုတ်လုပ်သော သင်္ဘောနှင့် ဆိပ်ကမ်းတွင် အသုံးပြုနေသည့် ဝန်ချီစက်များကို ပုံဖျက်ထားသည့် လျှို့ဝှက်အစီအစဉ် ထရိုဂျန်မြင်းနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ကြသည်။

ဝန်ချီစက်များသည် အတော်အသင့် အရည်အသွေးကောင်းမွန်ပြီး ဈေးမကြီးသော်လည်း ယင်းတို့တွင် ကွန်တိန်နာများ၏ ဇာစ်မြစ်နှင့် ဦးတည်ရာကို အလွယ်တကူ စာရင်းသွင်းခြေရာခံနိုင်သည့် ထောက်လှမ်းရေးအာရုံခံကိရိယာများကို ပါရှိခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ အမေရိကန်စစ်ဆင်ရေးများအတွက် နိုင်ငံတွင်းမှ  ကုန်တင်ကုန်ချပြုလုပ်သည့် ပစ္စည်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရယူနိုင်မည်ဖြစ်သည်။ 

ကုန်စည်စီးဆင်းမှုကို အနှောက်အယှက်ပြုလုပ်နိုင်ရေးအတွက် တစ်စုံတစ်ဦးက အဆိုပါဝန်ချီစက်များကို အဝေးမှ ထိန်းချုပ်နိုင်ပုံပေါ်ကြောင်း အမေရိကန် ထိပ်တန်းထောက်လှမ်းရေးအရာရှိဟောင်း ဘေလ်အီဗာနီနာက ပြောသည်။

အဆိုပါ ဝန်ချီစက်များသည် အမေရိကန်အား သူလျှိုလုပ်မည်ကို စိုးရိမ်သဖြင့် တားမြစ်ခဲ့သည့် ဟွာဝေးကိရိယာလိုမျိုး ဖြစ်နိုင်ကြောင်း အီဗာနီနာက ပြောသည်။
ဟွာဝေးက ၎င်း၏ထုတ်ကုန်များသည် နိုင်ငံတော်လုံခြုံရေးအန္တရာယ် မဖြစ်စေနိုင်ကြောင်း ယခင်က ဖြေရှင်းချက်ပေးခဲ့သည်။

ဝါရှင်တန်အခြေစိုက် တရုတ်သံရုံးမှ ကိုယ်စားလှယ်တစ်ဦးက ဝန်ချီစက်များနှင့် ပတ်သက်သော အမေရိကန်၏ စိုးရိမ်ပူပန်မှုများကို  တရုတ်နှင့် စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုအား အနှောင့်အယှက်ဖြစ်စေနိုင်သည့် အကြောက်လွန်မှုအဖြစ် ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly