မင်းတုန်းမြို့ စစ်ကောင်စီတပ်စခန်းကုန်းကို ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက် 

By 008 (မဇ္ဈိမ)
14 March 2023
မင်းတုန်းမြို့ စစ်ကောင်စီတပ်စခန်းကုန်းကို ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက် 

မ​ကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့ ပုသိမ်-မုံရွာကားလမ်း၊ (၅)မိုင် စစ်ဆေးရေးဂိတ်နှင့် စပါးတန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  မတ် ၁၄ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ထိုတိုက်ခိုက်မှုတွင် အပြန်အလှန် ပစ်ခတ်ခြင်းများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက် သေဆုံမှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက် မှုနှင့်ပတ်သက်၍ အမှတ် (၁) စစ်ဒေသ၊ သရက်ခရိုင်တပ်ရင်း (၄)မှလည်း သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါတိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသ သရက်ခရိုင် တပ်ရင်း(၄) Eagle Force နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားလက်ရုံးတပ်(S.A.F)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required