စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရေးလေယာဉ်ငယ်တွေနဲ့တိုက်ခိုက်နေပြီလို့ MDDS အဖွဲ့ပြော (ရုပ်သံ)

By KMN (မဇ္ဈိမ)
12 March 2023
စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရေးလေယာဉ်ငယ်တွေနဲ့တိုက်ခိုက်နေပြီလို့ MDDS အဖွဲ့ပြော (ရုပ်သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ အကြမ်းဖက်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေကို  တိုက်ခိုက်ရေးလေယာဉ်ငယ်တွေနဲ့ စတင်တိုက်ခိုက်နေပြီး ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သား ၂၀ နီးပါးကို ပစ်ခတ်နိမ်နင်းနိုင်ခဲ့တယ်လို့ Myingyan District Drone Strike Team တာဝန်ခံက  ပြောပါ တယ်။

MDDS အဖွဲ့ ကို မြင်းခြံခရိုင်မှာအခြေစိုက်တဲ့ တပ်ရင်းသုံးရင်းက နည်းပညာသမားတွေနဲ့ ပူးပေါင်းဖွဲ့ထား တာဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းစတဲ့ မြန်မာအလယ်ပိုင်းမှာ စစ်ရေးလူပ်ရှားနေတယ်လို့ MDDS အဖွဲ့ တာဝန်ခံက ဆိုပါတယ်။

စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့ နွေဦးကံ့ကော်အင်ပါယာ အမည်ရတဲ့ Multirotor Drone ပရောဂျက်ကို စတင် ဆောင်ရွက်နေပြီး ပြည်သူတွေအနေနဲ့လှူဒါန်းကူညီနိုင်တယ်လို့ MDDS အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly