ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

By မင်းထက် (မဇ္စျိမ)
11 March 2023
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် စကြဝတေး သပိတ်ကော်မတီမှ ယနေ့ မတ်လ ၁၁ ရက်နေ့ ညနေပိုင်း အချိန်တွင် ၎င်းတို့သပိတ်ကော်မတီ၏ (၁၇) ကြိမ်မြောက်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့သည်။

"ပြည်သူသာ အရှင်သခင်၊ တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်" စာသားပါ ဘန်နာ(ဗီနိုင်း)အား ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

ထိုသို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို နေ့စဥ်ပြုလုပ်နေ၍ စစ်ကောင်စီတပ်များနှင့် ရဲများက သပိတ်ကော်မတီဝင်များ၏ သတင်းများအား ကြံခင်းမြို့ပေါ် တွင် လိုက်လံစုံစမ်းနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်က ကြံခင်းမြို့ တစ်နေရာတွင် စစ်အာဏာရှင်တော်လှန်ရေး လူမဲ့သပိတ်တစ်ခု ပြု လုပ်ထားသည့်အတွက် အဆိုပါ လူမဲ့သပိတ်အား ဖြုတ်သိမ်းရန် ဆိုင်ကယ်ဖြင့်လာသည့် (စရဖ)တပ်ဖွဲ့ဝင်တစ်ဦး လမ်းဘေး၌ ရပ်ထားသော ၁၀ ဘီးကားအား ဝင်တိုက်ပြီးသေဆုံးခဲ့သေးသည်။

#စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

#ကြံခင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly