လက်နက်ထောက်ပံဖို့ ငွေကြေးလိုအပ်ပြီး ဈေးကြီးပေး ဝယ်ယူနေရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြော (ရုပ်/သံ)

By KMN (မဇ္ဈိမ)
11 March 2023
လက်နက်ထောက်ပံဖို့ ငွေကြေးလိုအပ်ပြီး ဈေးကြီးပေး ဝယ်ယူနေရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြော (ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေနဲ့ နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်နေတဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းတွေကို လက်နက်ထောက်ပံဖို့အတွက် ငွေကြေးလိုအပ်ချက်ရှိပြီး လက်နက်ဝယ်ယူရာမှာ ဈေးနူန်းမြင့်မားမူနဲ့ ရင်ဆိုင်နေရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊အတွင်းဝန် ဦးနိုင်ထူးအောင်က မဇ္ဈိမကိုပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ယင်းမာပင်ခရိုင်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြုထားတဲ့ တပ်ရင်း ၃၇ ရင်းရှိပြီး တပ်ရင်းအများစု  လက်နက်မရရှိသေးတာကြောင့် စစ်ရေး အခက်အခဲဖြစ်နေတယ်လို့ တပ်ရင်းအချို့က မဇ္ဈိမကို ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ တောင်ပိုင်း စစ်ဒေသအပြင် စစ်ကိုင်းတိုင်းကိုပါ လက်နက်ထောက်ပံနေပြီး ယင်းမာပင်ခရိုင်မှာ တပ်ရင်းတွေများတာကြောင့် အချိန်ယူနေရတယ်လို့ဆိုပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဘဏ္ဍာငွေ အများဆုံး သုံးစွဲနေပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့လည်း လက်နက်ထောက်ပံမူအပိုင်းမှာ ငွေကြေးအများဆုံးသုံးစွဲနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊အတွင်းဝန် ကမဇ္ဈိမကိုပြောပါတယ်။  

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly