ယင်းမာပင်ခရိုင် PDF တပ်ရင်းတချို့ အရေးပေါ်လက်နက် တပ်ဆင်ပေးဖို့ တောင်းဆို (ရုပ်/သံ)

ယင်းမာပင်ခရိုင် PDF တပ်ရင်းတချို့ အရေးပေါ်လက်နက် တပ်ဆင်ပေးဖို့ တောင်းဆို (ရုပ်/သံ)

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်မှာ အခြေစိုက်တဲ့ NUG အသိအမှတ်ပြု ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းတွေမှာ အချိုးကျ လက်နက်လိုနေတဲ့အတွက် အမြန်ဆုံးတပ်ဆင်ပေးဖို့ တောင်းဆိုတယ်လို့ တပ်ရင်းတချို့က မဇ္ဈိမကိုပြောပါတယ်။

ယင်းမာပင်ခရိုင်မှာ NUG အသိအမှတ်ပြု PDF တပ်ရင်း ၃၀ ကျော်ရှိပြီး တပ်ရင်းအများစု အချိုးကျလက်နက် မရသေးဘူးလို့ ဆိုကြပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ ာအခြေစိုက်တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၉) Pale Jokers PDF ဟာ၂၀၂၁ တော်လှန်ရေးစကတည်း ပါဝင်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့တရားဝင်တပ်ရင်းဖြစ်လာခဲ့ပေမယ့် အချိုးကျလက်နက် မရရှိသေးတာကြောင့် တိုက်ပွဲတွေရပ်နားထားတယ်လို့ တပ်ရင်းမှူး ဗိုလ်ပုလဲက မဇ္ဈိမကိုပြောပါတယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags