ဖားကန့်မှာ အရပ်သား အဖမ်းခံရမှု ပိုများလာတယ်လို့ ဒေသခံတွေ ပြော (ရုပ်သံ)

By အဂမ် (မဇ္ဈိမ)
10 March 2023
ဖားကန့်မှာ အရပ်သား အဖမ်းခံရမှု ပိုများလာတယ်လို့ ဒေသခံတွေ ပြော (ရုပ်သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အခုနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီက အရပ်သား ပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းမှု ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက မဇ္ဈိမကို ပြောပါတယ်။

အခု ဒီရက်ပိုင်းအတွင်း ဖားကန့်မှာ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူက အယောက် ၃၀ ကျော် ရှိလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ ည ၆ နာရီကျော်လောက်က အိမ်စီးကားတွေနဲ့ အရပ်ဝတ် ဝတ်ဆင်ကာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုဟာ လုံးခင်းရပ်ကွက်ကို  ဝင်ရောက်လာပြီး လူငယ်အယောက် ၃၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပါးကြာ အင်တာနက် ဖြတ်တောက်ခံခဲ့ရတဲ့ ဖားကန့်ဒေသမှာ အခုလို အသက် ၂၀ ကနေ ၃၀ ကြား လူငယ်တွေ အများစု ဖမ်းဆီးထိန်းသိမ်းခံနေရတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly