ကုန်ကျစရိတ်မြင့်မားခြင်းကြောင့် တရုတ်က ၁၀ နှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်ရန် မဖြစ်နိုင်ဟု ပင်တဂွန်အရာရှိ ပြောကြား

By USNI News
10 March 2023
ကုန်ကျစရိတ်မြင့်မားခြင်းကြောင့် တရုတ်က ၁၀ နှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်ရန် မဖြစ်နိုင်ဟု ပင်တဂွန်အရာရှိ ပြောကြား

တရုတ်သည် ၁၀ နှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်ရန် မဖြစ်နိုင်ကြောင်း အင်ဒို-ပစိဖိတ်ဒေသလုံခြုံရေးဆိုင်ရာ ပင်တဂွန်အကြီးတန်းအရာရှိက မတ်လ ၂ ရက်က ပြောကြားလိုက်သည်။

“ဒီနေ့နဲ့အနာဂတ်မှာ ဟန့်တားမှုတွေက ခိုင်မာအားကောင်းရပါမယ် တရုတ်ကမ်းရိုးတန်းကနေ မိုင် ၁၀ဝ အကွာမှာရှိတဲ့  ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်  တိုက်ခိုက်မခံရအောင် အမေရိကန်က တားဆီးပေးနိုင်ဖွယ်ရှိပါတယ်” ဟု အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်အတွင်းဝန် အီလီရတ်နာက ပြောကြားခဲ့သည်။ 

အမေရိကန် ဟူစတန်သုတေသနဌာနတွင် မတ်လ ၂ ရက်က ပြုလုပ်သည့် အခမ်းအနားတွင် ရတ်နာက တရုတ်သည် နိုင်ငံတကာအခင်းအကျင်းကို ဖြိုဖျက်မည့် ရည်ရွယ်ချက်နှင့် လုပ်နိုင်စွမ်းရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်ကြောင်း အစိုးရ၏ သဘောထားကို ကိုးကားဖော်ပြခဲ့သည်။

ဒေသတွင်း လုပ်ဆောင်နေသောအရာများသည် တရုတ်၏ စစ်ရေးနှင့် နယ်မြေပိုင်ဆိုင်ရာ ရည်မှန်းချက်များကို တန်ပြန်ရာတွင် မဟာမိတ်များနှင့် မိတ်ဖက်များအတွက် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ရတ်နာက သတ်မှတ်ခဲ့သည်။
ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရန်နှင့် တန်ပြန်တိုက်ခိုက်ရေးလက်နက်များဆိုင်ရာ ဂျပန်၏ ဆုံးဖြတ်ချက်၊ အမေရိကန်တပ်ဖွဲ့များအတွက် ဖိလစ်ပိုင်ရှိ စစ်စခန်းအသစ် ၄ ခုကို အသုံးပြုခွင့်ရခြင်းနှင့် သြစတြေးလျ၊ ဗြိတိန် နှင့် အမေရိကန်တို့အကြား နည်းပညာမျှဝေရေးသဘောတူညီချက်ဆိုင်ရာ တိုးတက်မှုများကို ရတ်နာက ထောက်ပြခဲ့သည်။

အမေရိကန်ကာကွယ်ရေးစက်မှုအခြေစိုက်စခန်းများကို ပိုမိုသဟဇာတဖြစ်စေမည့် ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းထုတ်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်မည့် အိန္ဒိယနှင့် နည်းပညာသစ်ဆွေးနွေးပွဲကိုလည်း ကိုးကားပြောဆိုခဲ့သည်။ 

မူဝါဒရေးရာကာကွယ်ရေး လက်ထောက်အတွင်းဝန် ကောလင်းခယ်လ်က တရုတ်သည် ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ် မတိုင်မီ ကျူးကျော်ရန် မဖြစ်နိုင်ကြောင်း ယခုသီတင်းပတ်အတွင်း အောက်လွှတ်တော် လက်နက်ကိုင်ဝန်ဆောင်မှုများကော်မတီ၌  ထွက်ဆိုခဲ့ပြီးနောက် ရတ်နာ၏ မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

လတ်တလောအခြေအနေအရ ထိုင်ဝမ်ကို တရုတ်ကျူးကျော်မည့်အလားအလာ မရှိသေးကြောင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ယူဆထားသည်ဟု ပင်တဂွန်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးချုပ် ပတ်ထရစ် ရိုက်တာက မတ်လ ၂ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နှင့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကြောင့် အမေရိကန်သည် ဒေသတွင်း၌ စစ်ရေးလေ့ကျင့်မှုများ ကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly