တနင်္သာရီမြို့နယ်တွင် စရဖအယောင်ဆောင်ဆိုသူ ပစ်သတ်ခံရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
09 March 2023
တနင်္သာရီမြို့နယ်တွင် စရဖအယောင်ဆောင်ဆိုသူ ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မတ်လ ၈ ရက်နေ့က စစ်ကောင်စီ၏ စစ်ဖက် ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)အယောင်ဆောင်ပြီး မြေပြင်သတင်းထောက်လှမ်းနေသူတစ်ဦးကို ရှင်းလင်း ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မဇ္ဈိမကို ပြောသည်။

၎င်းသည် စရဖအယောင်ဆောင်ကာ လက်နက်ကိုင်ဆောင်ပြီး ဒေသတွင်း နိုင်ငံရေးလှုပ်ရှားသူများနှင့် PDF သတင်းများအား စုံစမ်းထောက်လှမ်းကာ မြေပြင်သတင်းပေးပို့နေသူတစ်ဦးဖြစ်ကြောင်း တနင်္သာရီ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ခံက ပြောသည်။

“အခု ပစ်ခတ်ရှင်းလင်းလိုက်တဲ့သူက စရဖအယောင်ဆောင်ထားတဲ့ အရပ်သားတစ်ဦးပါ။ လက်နက်ကိုင် ဆောင်ပြီး စရဖတွေက တိုက်ရိုက်ခိုင်းထားတဲ့သူလည်း ဖြစ်ပါတယ်၊ အရပ်ထဲမှာ နိုင်ငံရေးလှုပ်ရှားတဲ့ သူတွေနဲ့ PDF တွေ ရှိတဲ့ နေရာတွေကို လိုက်စုံစမ်းပြီး သတင်းလှမ်းပို့နေတဲ့သူဖြစ်လို့ ပစ်ခတ်ရှင်းလင်း ခဲ့တာဖြစ်ပါတယ်”ဟု တနင်္သာရီ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ပစ်သတ်ခံရသူသည် တနင်္သာရီမြို့နယ်အတွင်း သတင်းထောက်လှမ်းနေသည့် အောင်ဇော်ချစ်(ခ) ကုလား ချ ဆိုသူ ဖြစ်ကြောင်း သိရသည်။ ၎င်းကို တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့က ပြည်ထောင်စုလမ်းပိုင်း တစ်နေရာတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပစ်သတ်ခံရသူ အောင်ဇော်ချစ်ထံမှ လက်လုပ်သေနတ် တစ်လက်၊ သတင်းထောက်လှမ်းရာတွင် အသုံး ပြုသည့် ဖုန်းတစ်လုံးနှင့် ဆက်စပ်သတင်းအချက်အလက်များ သိမ်းဆည်းရမိထားကြာင်း တနင်္သာရီ- PDF က သတင်းထုတ်ပြန်ထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly