အမေရိကန် ထရိုင်တက္ကသိုလ်က ဖက်ဒရယ်ရန်ပုံငွေရရှိရေးအတွက် ကွန်ဖြူးရှပ်စင်တာကို ပိတ်သိမ်း

By AL.com
08 March 2023
အမေရိကန် ထရိုင်တက္ကသိုလ်က ဖက်ဒရယ်ရန်ပုံငွေရရှိရေးအတွက် ကွန်ဖြူးရှပ်စင်တာကို ပိတ်သိမ်း

အမေရိကန်နိုင်ငံ၊ အလာဘားမားပြည်နယ်၊ ထရိုင်မြို့ရှိ ထရိုင်တက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့သည် တရုတ်က ရန်ပုံငွေ ထောက်ပံ့ထားသည့် အငြင်းပွားဖွယ် ကွန်ဖြူးရှပ်စင်တာကို မဲခွဲဆုံးဖြတ်ပြီး တစ်လအကြာ မတ်လ ၁ ရက်တွင် ပိတ်လိုက်သည်။

ကာကွယ်ရေးဌာနရန်ပုံငွေ ဆက်လက်ရရှိလိုပါက ကွန်ဖြူးရှပ်တက္ကသိုလ်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ဆုံးထား၍ ပိတ်ရမည်ဟု ပြဋ္ဌာန်းထားသော ၂၀၂၁ ခုနှစ် ဖက်ဒရယ်ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်းကို ကိုးကား၍ ဘုတ်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ 

ထရိုင်တက္ကသိုလ်၏ မဟာဗျူဟာရည်မှန်းချက်များတွင် သုတေသနအဖွဲ့အစည်းတစ်ခုအနေဖြင့် ဆက်လက်ဖွံ့ဖြိုး တိုးတက်ရေးတို့ ပါဝင်ပြီး ယင်းသည် ကာကွယ်ရေးဌာနအပါအဝင် ဖက်ဒရယ်ရန်ပုံငွေကို တစ်စိတ်တစ်ပိုင်း မှီခိုနေရသည်ဟု ပညာရေးဆိုင်ရာ ဒုအကြီးအကဲ ဒေါက်တာလန်းစ်တာတမ်က ပြောသည်။

"ကွန်ဖြူးရှပ်စင်တာနှင့် ဆက်လက်မပူးပေါင်းခြင်းက ထရိုင်၏ ရေရှည်အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်ကြောင်း ခံယူထားသည်” ဟု တာတမ်က ဆိုသည်။

ထရိုင်တက္ကသိုလ်က ကွန်ဖြူးရှပ်စင်တာကို ပိတ်ကာ တရုတ်ရှိ ငွေကြေးထောက်ပံ့ပေးသည့် အဖွဲ့အစည်းနှင့် သဘောတူညီချက်ကို အဆုံးသတ်လိုက်သည်ဟု တက္ကသိုလ်က ပြောကြားခဲ့သည်။

အဆိုပါစင်တာရှိ အချိန်ပြည့်ဝန်ထမ်း ၂ ဦးနှင့် ကျောင်းသားဝန်ထမ်းတစ်ဦးကို အခြားရာထူးများသို့ ပြောင်းရွှေ့ မည်ဖြစ်ကြောင်း တက္ကသိုလ်တာဝန်ရှိသူများက ပြောသည်။
ကွန်ဖြူးရှပ်စင်တာများသည် တရုတ်ကွန်မြူနစ်အစိုးရနှင့် ချိတ်ဆက်မှုကြောင့် နှစ်ပေါင်းများစွာကတည်းက ဝေဖန်ခံနေရသည်။
ကွန်ဖြူးရှပ်စင်တာများနှင့်ပတ်သက်ပြီး တရုတ်ကို ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း တာတမ်က ပြောသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly