သီရိလင်္ကာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ချို့ယွင်းချက်များ

By ANI  
07 March 2023
သီရိလင်္ကာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ချို့ယွင်းချက်များ

အိန္ဒိယနိုင်ငံ၏ အိမ်နောက်ဖေးဟု အစဉ်အလာအရ ယူဆထားသည့် သီရိလင်္ကာတွင် တရုတ်က ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရန် ကြိုးပမ်းမှုများက အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများတိုးလာခြင်းက တရုတ် ချင်းနင်းဝင်ရောက်မှု၏ သိသာထင်ရှားသောအချက်ဖြစ်ကြောင်း Combo Gazette က ဖော်ပြသည်။

တရုတ်၏ ပြင်ပချေးငွေများနှင့် နိုင်ငံရပ်ခြားရှိ ပုဂ္ဂလိကကော်ပိုရေးရှင်း၏ လုပ်ငန်းဆောင်တာများကိုပင် နိုင်ငံရေး အရ ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ထားသည်။ 
တရုတ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ပထဝီနိုင်ငံရေးသြဇာဝယ်ယူရေးလက်နက်တစ်ခု ဖြစ်လာသလို တရုတ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသည့် စီမံကိန်းများက သက်ဆိုင်ရာနိုင်ငံ၏ ထိခိုက်လွယ်သော ဒီမိုကရေစီယန္တရားကိုသာမက ဒေသပတ်ဝန်းကျင်ကိုပါ ထိခိုက်လာစေခဲ့သည်။ 

သီရိလင်္ကာသည် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ နိုင်ငံစုံအဖွဲ့အစည်းများ၏ အတိုးနည်းချေးငွေများ မရရှိတော့သည့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံအဆင့်သို့ ရောက်ရှိသွားကာ နိုင်ငံ၏ ဘဏ္ဍာရေးနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ လိုအပ်ချက်များမှာ သိသာမြင်သာလာခဲ့ကြောင်း Colombo Gazette က ဖော်ပြသည်။

သီရိလင်္ကာ၏ ပြင်ပချေးငွေပုံစံ ပြောင်းလဲမှုတွင် တရုတ်က အကြီးဆုံးမြီရှင်အဖြစ် ထွက်ပေါ်လာခဲ့သည်။ 
သီရိလင်္ကာစီးပွားရေးပညာရှင်များ၏ ရှင်းလင်းချက်စာတမ်းတစ်ခုတွင် ၂၀ဝ၈-၂၀၂၁ ခုနှစ်အတွင်း တရုတ် ချေးငွေအတိုးနှုန်းသည် ဂျပန် သို့မဟုတ် နိုင်ငံစုံအဖွဲ့များချေးငွေ၏ ပျမ်းမျှအတိုးနှုန်းထက် ပိုများကြောင်း Colombo Gazette က ဖော်ပြသည်။

ထို့ပြင် တရုတ်ရန်ပုံငွေထောက်ပံ့သည့်စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကို လျစ်လျူ ရှုခြင်းကြောင့် ဝေဖန်ခံနေရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly