လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
06 March 2023
လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မတ်လ ၅ ရက်နေ့ ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။

အဆိုပါလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင် ပြီ လောင်းလုံးမြိုနယ်အတွင်းမှ ဒီမိုကရေစီအင်အားစုများစုပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ည သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်ကြရန်ရည်ရွယ်၍ “စစ်ကျွန်ဘဝ လွတ် မြောက်ဖို့၊ ဖက်ဆစ်ရွေးကောက်ပွဲ တိုက်ဖျက်စို့” ဘန်နာကိုင်ဆွဲကာ ညသပိတ်ကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required