ဥရောပရောက် တိဗက်လူမျိုးများက ရောမမြို့၌ စုဝေးကာ တရုတ်၏ ကိုလိုနီအုပ်ချုပ်မှုကို ကန့်ကွက်ဆန္ဒပြမည်

By ANI
06 March 2023
ဥရောပရောက် တိဗက်လူမျိုးများက ရောမမြို့၌ စုဝေးကာ တရုတ်၏ ကိုလိုနီအုပ်ချုပ်မှုကို ကန့်ကွက်ဆန္ဒပြမည်

ဥရောပတစ်ဝန်းမှ ထောင်နှင့်ချီသော တိဗက်လူမျိုးများသည် တရုတ်၏ ကိုလိုနီပြုအုပ်ချုပ်မှုကို ဆန့်ကျင်သည့် တိဗက်လူထုအုံကြွမှု (၆၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရောမမြို့တွင် စုဝေးကြမည်ဖြစ်ကြောင်း Daily Mirror က ဖော်ပြသည်။

အိမ်ရှင်နိုင်ငံတွင် စီမံခန့်ခွဲမှုများလုပ်ဆောင်ရသည့် တိဗက်ရုံးအဖွဲ့သည် ဥရောပဝန်းရှိ တိဗက်လူမျိုးများကို ကိုယ်စားပြုသည့် တိဗက်အဖွဲ့အစည်းများ/အသိုက်အဝန်း ၁၅ ဖွဲ့ပါသည့် မဟာမိတ်အဖွဲ့၏  ၂ နှစ်တစ်ကြိမ် ပြုလုပ်သော အထွေထွေအစည်းအဝေးများအား ဦးဆောင်ကာ အိမ်ရှင်နိုင်ငံရှိ တိဗက်အသိုက်အဝန်းနှင့် လက်တွဲလုပ်ဆောင်သည်။ 

အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလအစောပိုင်းက  ကျင်းပခဲ့သည့် အဖွဲ့ အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် မတ်လ လူထုစုဝေးပွဲအတွက်နေရာကို ရောမမြို့အား ရွေးချယ်ခဲ့သည်။

ယခုနှစ် တိဗက်လူထုအုံကြွမှုအထိမ်းအမှတ် စုဝေးပွဲတွင် တိဗက်လူမျိုး ၆၀ ၀၀၀ ခန့် ရှိမည်ဟု မျှော်လင့်ရကြောင်း Daily Mirror တွင် ဖော်ပြထားသည်။ တရုတ်တို့ သိမ်းပိုက်ထားသော တိဗက်တွင်မူ အတိုက်အခံများအတွက် နေရာမရှိပေ။ 
တိဗက်လူထုအုံကြွမှုအထိမ်းအမှတ်ချီတက်ပွဲကို အီတလီ-တိဗက်အဖွဲ့အစည်းနှင့် တိဗက်ရေးရာနိုင်ငံတကာလှုပ်ရှားမှုအဖွဲ့တို့က ကမကထပြုကာ  ဥရောပရှိ အခြားတိဗက်အသိုင်းအဝိုင်းများနှင့် ပူးပေါင်း၍ အီတလီရှိ တိဗက်အသိုက်အဝန်းမှ စီစဉ်ကျင်းပခြင်းဖြစ်သည်။ ဝီဂါ မွတ်စလင်၊ ဟောင်ကောင်သားများ၊ တောင်မွန်ဂိုလီးယားများနှင့် အီတလီရှိ ထိုင်ဝမ်လူမျိုးများ အပါအဝင် နှိပ်စက်ညှဉ်းပန်းခံနေရသော လူမျိုးစုအများအပြားသည် တိဗက်လူမျိုးများကို ထောက်ခံသည့် ဆန္ဒပြပွဲတွင် ပါဝင်ကြမည်ဖြစ်သည်။

ဥရောပရှိ တိဗက်လူမျိုးများသည် ရောမမြို့တွင် ယခုကဲ့သို့ ကြီးမားသော လူထုစုဝေးပွဲကျင်းပခြင်းဖြင့် တိဗက် များကျူးကျော်ခံရမှုဖြစ်ရပ်ကို  အမှတ်ရဆဲဖြစ်ကြောင်း ကမ္ဘာ့အသိုင်းအဝိုင်းအား သတိပေးလိုခြင်းဖြစ်သည်။

တိဗက်များသည် နှစ်ရှည်လများကြာပြီဖြစ်သော တရုတ်-တိဗက်စစ်ပွဲအတွက် ဖြေရှင်းနိုင်မည့်အရာကို ရှာဖွေနေဆဲဖြစ်သည်။ ကမ္ဘာ့နိုင်ငံများသည် ထိုအခြေအနေကို လျစ်လျူရှုထားသည်မှာ ကြာပြီဖြစ်ပြီး တိဗက်အရေးကိစ္စကို ကမ္ဘာက အရေးယူရန်လိုအပ်ပေသည်။ တိဗက်ကို ထောက်ခံအားပေးရန်နှင့်   ဥရောပအနေဖြင့် စံနမူနာ အပြစ်ပေးပြရန် တိဗက်လူမျိုးများက တိုက်တွန်းခဲ့ကြောင်း  Daily Mirror က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly