ဖားကန့်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေး (ရုပ်သံ)

By ရွှေနွယ်( မဇ္ဈိမ )
06 March 2023
ဖားကန့်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေး (ရုပ်သံ)

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ဖားကန့်မြို့နယ် ရှရော်ခကျေးရွာနဲ့ စဗျစ်ခူးကျေးရွာက အရပ်သား ပြည်သူတွေ ပြန်လည်လွတ်မြောက်လာပြီလို့ ဒေသခံတွေက မဇ္ဈိမကို အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ ဖားကန့်မြို့နယ် စဗျစ်ခူးကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်းက မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သားတွေက အင်အားအလုံးအရင်းနဲ့ စဗျစ်ခူးရွာသား ၇၀ နီးပါးကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၄ ၊ ၁၅ နှစ်အရွယ် ကျောင်းနေအရွယ်ကလေး ၁၅ ဦးခန့်ပါဝင်ပြီး၊ မတ်လ ၁ ရက်နေ့မှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းရင်း မြစ်များက ဆိုပါတယ်။

ရုပ်သံတည်းဖြတ်/ အဂမ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly