ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်း တရုတ်စစ်လေယာဉ် ၁၉ စင်း ပျံသန်း

By Reuters
06 March 2023
ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်း တရုတ်စစ်လေယာဉ် ၁၉ စင်း ပျံသန်း

ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်သို့ ၂၄ နာရီအတွင်း တရုတ်လေတပ်မှ စစ်လေယာဉ် ၁၉ စင်း ပျံသန်းခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မတ် လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်က ပိုင်နက်နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန်နှင့် ထိုင်ဝမ်နှင့် ပေါင်းစည်းခြင်းမပြုရေး အမေရိကန်အား သတိပေးရန် လုပ်ဆောင်သော ထိုင်ဝမ်အနီး စစ်ရေးလှုပ်ရှားမှုများသည် ကျိုးကြောင်းဆီလျော်ကြောင်း ပြောဆိုထားသည်။ 

တရုတ်ပိုင် J-10 တိုက်လေယာဉ် ၁၉ စင်းသည် တရုတ်ကမ်းကမ်းရိုးတန်းအနီး ထိုင်ဝမ်ကျွန်း၏ လေကြောင်းရန် ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) မှ အနောက်တောင်ထောင့်သို့ ပျံသန်းလာခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုင်ဝမ်ကလည်း ယင်းကဲ့သို့ တရုတ်ကျူးကျော်မှုများကို ပုံမှန်တုံ့ပြန်နေသည့်ပုံစံအတိုင်း စစ်လေယာဉ်များ စေလွှတ်၍ အခြေအနေကို စောင့်ကြည့်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သို့သော် အဆိုပါ လေယာဉ်များသည် နှစ်နိုင်ငံကြား အလွတ်သဘောသတ်မှတ်ထားသည့် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ခြင်းမရှိခဲ့ဟု ဆိုသည်။ တရုတ်လေတပ်သည် ပြီးခဲ့သည့် သြဂုတ်လက ထိုင်ဝမ်အနီး စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ထိုင်ဝမ်အနီးတွင် နေ့စဉ်နီးပါး ပျံသန်းနေခဲ့သည်။

တရုတ်လေယာဉ်များသည် ၎င်းတို့၏ လေကြောင်းပိုင်နက်တွင်မဟုတ်ဘဲ ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေး  သတ်မှတ်ဇုန်အတွင်းတွင် ပျံသန်းနေကြခြင်းဖြစ်ပြီး ယခုအချိန်ထိ ပစ်ခတ်မှုတစ်စုံတစ်ရာ မရှိသေးပေ။ 

ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) သည် ထိုင်ဝမ်က စောင့်ကြည့် ကင်းလှည့်နေသည့် ကျယ်ပြန့်သော ဧရိယာ တစ်ခုဖြစ်ပြီး ခြိမ်းခြောက်မှုဟူသမျှကို ပြန်လည်တုံ့ပြန်နေရသည့်အချိန်က ပိုများနေသည်။ 

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ထိုင်ဝမ်အစိုးရသည် တရုတ်နှင့် ဆွေးနွေးမှုများလုပ်ဆောင်ရန် အကြိမ်ကြိမ် ကမ်းလှမ်းထားသော်လည်း ကျူးကျော်တိုက်ခိုက်ခံရပါက ကျွန်းကို ခုခံကာကွယ်သွားမည်ဖြစ်ကာ ထိုင်ဝမ်ပြည်သူများကသာ မိမိတို့၏ အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု ဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly