နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၅ မတ် ၂၀၂၃ )

05 March 2023
နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၅ မတ် ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

-တနင်္သာရီတိုင်း၊ကော့သောင်းမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ထိပ်တိုက် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးရဲဘော် ၉ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (ကော့သောင်း ခရိုင်အမှတ်၁)တပ်ရင်းက ယနေ့ ထုတ်ပြန်ပါတယ်။

-အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူလူထုက တရားဝင်ရွေးကောက်တင်မြောက်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တို့ကို မြန်မာကိုယ်စားပြုအနေဖြင့် အသိအမှတ်ပြုရန်နှင့် ရှေ့လာည့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးရမည်ဖြစ်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့က ပြောကြားလိုက်သည်။

-ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းတိုင်းရင်းသားများ ဇာတိသွေး၊ ဇာတိမာန်တွေနဲ့ ကျေးဇူးတရားများအပေါ် သိတတ်နားလည်မှုများအတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားလိုပြီး ပအိုဝ်းတိုင်းရင်း သားများနှင့် အတူ နိုင်ငံတဝှမ်းက တိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပါ စေကြောင်း မေတ္တာပို့သသည်ဟု CRPH သဝဏ်လွှာမှာ ဖော်ပြထားသည်။

-မတ်လ ၅ ရက်နေ့တွင် ကျရောက်သည့် ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အချိန်အခါသမယတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ ရောက်နေကြတဲ့ပအိုဝ်းလူမျိုးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှ ကင်းကွာကြ ပါစေကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရက ဆုတောင်းသဝဏ်လွှာ ပေးပို့လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ နယ်မြေ ထဲမှာရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်​ ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကို  မတ်လ ၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ 

-တောင်ကိုရီးယားနိုင်ငံ၊ အင်ချွမ်းမြို့တွင် ဒါရိုက်တာ ကိုပေါက်ရိုက်ကူးထားသည့် ရောင်နီလာရာလမ်း ရုပ်ရှင်ကို ယနေ့ မတ်လ ၅ ရက်နေ့တွင် စတင် ပြသနေပြီး ကြည့်ရှု့သူများပြားကြောင်း သိရသည်။

-ကရင်နီပြည်နယ်မှာ အခြေစိုက်ထားသည့်“မြို့ပြတော်လှန်ရေးတပ်ဦး (Urabn Revolutionary Front - U.R.F)” က "ကျည်အတွက်ပန်းချီ ပန်းချီရဲ့ ကျည်" ကံစမ်းမဲ စတင် ရောင်းချနေကြောင်း သိရသည်။

-စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မုဒိမ်းမှု၊ လူသတ်မှုများ ကျူးလွန်ထားသည့် ပျူစောထီး ခေါင်းဆောင် ချမ်းမြေ့အောင် (ခေါ်) ဖိုးချမ်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း UGF - Kalay တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

-စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ မတ်လ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ဝင်ငွေရရှိနေသည့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း MOGE နှင့် PTT ကုမ္ပဏီတို့အား အရေးယူပိတ်ဆို့နိုင်ရေးနှင့်သွေးစွန်းငွေဖြတ်တောက်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

-စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ် အင်အားစုက မတ် ၅ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။

-ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ဝင်ငွေ ရရှိနေသည့် စွမ်းအင်ကုမ္ပဏီများအား ပိတ်ဆို့ အရေးယူပေးရေး စစ်တပ်၏ သွေးစွန်းငွေဖြတ်တောက်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

-စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မတ် ၅ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။

-စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာတွင် မတ်လ၃ရက်နေ့က စစ်တပ်က စိတ်ဝေဒနာရှင် ဦးဖိုးနီ၊ ကျေးရွာသား ၁ ဦး အပါအဝင် စုစုပေါင်း ၂ ဦးကို ပစ်ခတ် မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးပါ မုဒိမ်းကျင့်သွားခဲ့ကြောင်း

-ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့တွင် ရွှေရောင် အနာဂတ် ပန်းပျိုးလက် အသင်းမှ ဦးဆောင်ကာ ယနေ့ မတ်လ ၅ ရက်နေ့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

-ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဖီမြို့နယ်တွင် စွာတေးမလေး ခွပ်ဒေါင်း ဒီမိုသွေး ထောက်ပို့ အဖွဲ့က ဦးဆောင်ကာ ယနေ့ မတ်လ ၅ ရက်နေ့တွင် PDF၊ UG ထောက်ပံ့ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကို အသင်း တစ်သင်းလျှင် ဝင်ကြေး ဘတ် ၃၅၀၀ ဖြင့် ပါဝင်ယှဥ်ပြိုင် လျက်ရှိကြောင်း သိရသည်။

-တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ကိုရီးယား-မြန်မာပူးပေါင်းကာ အကြမ်းဖက် မြန်မာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

-တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ ပြီးနောက် စစ်ရေးအရှိန်အဟုန် ပိုမိုမြင့်တက်လာမှုကြောင့် စစ်ဘေးရှောင် ၃၀,၀၀၀ နီးပါးရှိလာသည်ဟု ဒေါန တနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က မတ်လ ၃ ရက်နေ့တွင် သတင်းထုတ် ပြန်ထားသည်။

-ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက်(၂) ရှိ လူနေအိမ်များအား မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

-NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး တို့၏အယူခံအမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ လာမည့် မတ်လ ၁၆ ရက်နေ့ တွင် ကြားနာသွား မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

-ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင်ရှိသည့် နိုင်ငံရေးအကျဉ်းသားများအား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ လ ၆ ရက်နေ့မှစတင်ကာ အကျဉ်းထောင် အာဏာပိုင်များက ညစဉ် အကြောင်းမဲ့ ရိုက်နှက် မှုများပြု လုပ်နေကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှသိရသည်။

-ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီ တပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်ကာ ဘုရားပျို‌ကျေးရွာမှ ဒေသခံလေးဦးအားဖမ်းဆီးသွားပြီး နှစ်ဦး ပြန် လွှတ်ပေး သော်လည်း နှစ်ဦးအား ဆက်လက်ဖမ်းဆီးထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

-ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ ယာဉ်ရပ်နားစခန်းတွင် ဖေဖော်ဝါရီလ ၄ ရက် နေ့ ညနေ ၅ နာရီခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံများက ဆိုသည်။

-မြန်မာစစ်တပ်သည် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်အတိုက်အခံပြုသူများကို သတ်ဖြတ်ခြင်း၊ အတင်းအကျပ် မတရား ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အဓမ္မ အစအနဖျောက်ခြင်း အပါအဝင် အကြမ်းဖက် နည်းလမ်းကို ဆက်လက် အသုံးပြုရင်း မရပ်မစဲသော လူ့အခွင့်အရေး အကျပ်အတည်းတစ်ခုကို ဖန်တီးနေ ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မတ်လ ၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထား သည်။
 

တိုင်းရင်းသား လက်နက်ကိုင်များ 

-ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ အတွင်း ထိတွေ့တိုက်ပွဲ ၃၅ ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးဗဟိုက မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

-ကရင်ပြည်နယ် Unity PDF တပ်ခွဲက ရဲဘော် ၃၉ ဦးဟာ ဗိုလ်စလုံးဦးဆောင်သည့် ဆင်ဖြူစစ်ကြောင်းကနေ နှုတ်ထွက်သွားပြီး ဗိုလ်ချုပ်စောနယ်ဒါးမြထံ ခိုလှုံသွားကြောင်း သိရသည်။
 

စစ်ကောင်စီ

-ပြည်ထောင်စုလွှတ်တော်ကိုယ်စာပြုကော်မတီ(CRPH)မှ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီ ညွတ်ရေး အစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUG ပြောခွင့်ရ ဦးနေဘုန်းလတ် စသည့် ပုဂ္ဂိုလ်များ၏ပုံများဖြင့် ဖက်ဒရယ်အရေး၊ တော်လှန်ရေးနှင့်ပတ်သက်ပြီး ၎င်းတို့၏ပြောကြားချက် ဆိုကာ လူမှုကွန်ရက်တွင် ဖြန့်ဝေနေကြသည်။

-စစ်ကောင်စီကို နည်းပညာပိုင်းကူညီပေးနေသည့် အဖွဲ့အစည်းသုံးခုကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းကြောင်း အမေရိကန် နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

-ယခုလာမယ့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အသစ်အတွက် မြို့နယ် ၆ခုမှာ အသားထုတ်လုပ်ခွင့်လိုင်စင်များ ချထားပေးရန် လျှောက်လွှာခေါ်ယူနေကြောင်း စစ်ကောင်စီ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနကနေ သိရသည်။

-ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် SME လုပ်ငန်းရှင်များအတွက် အရေးပေါ်ချေး‌ငွေကနေ လုပ်ငန်းရှင် (၅၇၄) ဦးကို ထုတ်ချေးပေးခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မောင်မောင်ဝင်းက ပြောသည်။

-စစ်ကောင်စီမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၈ ခုကို ယာယီလိုင်စင်ပိတ်သိမ်းရာမှာ ကုမ္ပဏီ၅ခုကို တော့ လုပ်ငန်းလုပ်ကိုင်ခွင့်၁နှစ်စီ ပိတ်သိမ်းခဲ့ပြီး ကုမ္ပဏီ၃ခုကိုတော့၆လ စီလုပ်ငန်းလုပ်ကိုင်ခွင့် ကိုသတ် မှတ်ကာလအလိုက်ယာယီပိတ်သိမ်းလိုက်ကြောင်း သိရသည်။

-ပြည်သူ့ရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန်ရေသဘင် ပွဲတော်ဗဟိုမဏ္ဍပ်နှင့် တိုင်းအဆင့်ဌာန ဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကိုကျင်းပပြုလုပ် သွားမည်ဟု အကြမ်းဖက် စစ်ကောင်စီ ၏ ရန်ကုန် မြို့တော်ဝန် ဗိုလ်ဌေး ၏ ပြောဆိုချက်ကို ကိုးကား၍ Sky net one news myanmar သတင်းတွင် ဖော်ပြထားသည်။

-နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးအနီးရှိ EV Charging Station ကို မတ် ၄ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ လော်ဘီ သတင်းဌာနများတွင် ဖော်ပြထားသည်။
 

မတ် ၅ ရက် သုံးသပ်ချက်

-အကြမ်းဖက်စစ်ကောင်စီမှ ၎င်းတို့ထိန်းချုပ်မနိုင်သည့်ဒေသများတွင် စစ်အုပ်ချုပ်ရေးဟု အကြောင်းပြကာ ပြည်သူများ ရှုံးမဲမဲကာ ဖိနှိပ်ပြီးရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်၍ စစ်ရာဇဝတ်မှု ကျူးလွန်နေသည်။

-အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးနီးပါး စစ်အာဏာရှင်ကို ခုခံတော်လှန်နေချိန်တွင် စစ်ကောင်စီမှ တိုင်းပြည်တည်ငြိမ်သယောင်ပြလိုသည့်အတွက် သင်္ကြန်ပွဲများ ဇွတ်ကျင်းပရန် ပြင်ဆင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required