အမေရိကန်တွင် UnionPay အကြွေးဝယ်ကတ်များ တွင်ကျယ်စွာ အသုံးပြုရေး တရုတ် ကြိုးပမ်းလာ

By ANI  
03 March 2023
အမေရိကန်တွင် UnionPay အကြွေးဝယ်ကတ်များ တွင်ကျယ်စွာ အသုံးပြုရေး တရုတ် ကြိုးပမ်းလာ

တရုတ်နိုင်ငံမှ ခြိမ်းခြောက်မှုများသည် သူလျှိုမိုးပျံပူဖောင်းများနှင့် TikTok သာမကတော့ဘဲ ယခုအခါ အကြွေးဝယ်ကတ်များကိုပါ ပစ်မှတ်ထားနေသည်။

ပစိဖိတ်ဒေသတစ်ဝန်းတွင် နိုင်ငံတော်လုံခြုံရး ခြိမ်းခြောက်မှုများ အမှန်တကယ် ရှိနေကြောင်းကို  ဇန်နဝါရီလက အဖြစ်အပျက်များက ပြသနေသည်ဟု The Washington Times တွင် ကျန်းလိယန်က ရေးသားခဲ့သည်။

တရုတ်သည်ယ်နိမိတ်ကျော်လွန်၍ ထောက်လှမ်းစောင့်ကြည့်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်။ ပထမဆုံးအနေဖြင့် TikTok နှင့် Huawei တို့ကို အသုံးပြုခဲ့ပြီး ယခုအခါ အမေရိကန်တွင် သူလျှိုလုပ်ရန် မိုးပျံပူဖောင်းများကို အသုံးပြုနေသည်။

အမေရိကန်တွင် ၂၀၁၀ ပြည့်နှစ်က Dodd-Frank စားသုံးသူကာကွယ်ရေးမှုဥပဒေကို အတည်ပြုပြီးနောက်ပိုင်း စောင့်ကြည့်ခံနေရသည့် UnionPay ကုမ္ပဏီသည် ဒါဘင်ပြင်ဆင်ချက်၏ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်အရ အမေရိကန်တွင် UnionPay မြီစားကတ်များကို အသုံးပြုနိုင်လာခဲ့သည်။

UnionPay ကို ၂၀ဝ၂ ခုနှစ်တွင် တရုတ်ဗဟိုဘဏ်မှ အကောင်အထည်ဖော်ခဲ့ပြီး အစိုးရက ငွေကြေးပံ့ပိုးခဲ့သည်။ ဘဏ်များသည် ၂၀၁၀ ပြည့်နှစ် ဥပဒေအရ မြီစားကတ်များကို ကုန်သည်များအသုံးပြုနိုင်ရေးအတွက် UnionPay အပါအဝင် အခြား ငွေပေးချေသည့် စနစ်များကို ၎င်းတို့ဘဏ်ကွန်ရက်တွင်ထည့်သွင်းခဲ့သည်။

အမေရိကန်စစ်တပ်က သူလျှိုမိုးပျံပူဖောင်းများကို ပစ်ချခဲ့သော်လည်း  ယခုအခါ ယင်းအာဏာပိုင်များသည် မြီရှင်ကတ်မူဝါဒအတိုင်း အကြွေးဝယ်ကတ်ဈေးကွက်ကို ဖော်ဆောင်ရန် တွန်းအားပေးနေပြန်ကြောင်း ကျန်းလိယန်က ရေးသားခဲ့သည်။

Amazon၊ Walmart၊ Home Depot၊ Target နှင့် Kroger အပါအဝင် ဧရာမကော်ပိုရေးရှင်းကြီးများက အကြွေးဝယ်ကတ်ဖြင့်အရောင်းအဝယ်များဆောင်ရွက်နိုင်ရေး UnionPay ကို အသုံးပြုခွင့်ပေးမည့် ဥပဒေများကို ပြဋ္ဌာန်းရေး တွန်းအားပေးရန် အမေရိကန် လွှတ်တော်အမတ်အချို့နှင့် ပူးပေါင်းလုပ်ဆောင်နေသည်။

တရုတ်နိုင်ငံတော်ကောင်စီသည် တရုတ်အတွက် နိုင်ငံတော်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော်ချိန်က UnionPay ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly