နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂ မတ် ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂ မတ် ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· စစ်ကောင်စီအတွက် နေပြည်တော်သာမက မည်သည့်နေရာမျှ လုံခြုံမှုမရှိသည်ကို သိစေရမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF တပ်ဖွဲ့များသို့ ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

· မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တခုဖြစ်သည့် Columbia University , Teachers College၏ Professor Doctor Judy Kuriansky နှင့် PhD Graduate ကျောင်းသားများ၊ Master Degree ကျောင်းသားများက အထူးဖိတ်ကြားပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိ နေကြတဲ့ မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားတဲ့ သားသမီး များအတွက် မွေးစာရင်း လက်မှတ် ထုတ်ပေးရေး လုပ်ငန်းအား ၂၀၂၃ ခုနှစ် ၊ မတ် လ (၁) ရက် နေ့မှစပြီး ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်းထုတ်ပြန်ထားသည်။

· အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဖျက်စီးခံရမှုများကို တော်လှန်ရေးကာလအလွန်မှာပြန်လည် ထူ ထောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကတိကဝတ်ပြုရန်အဆိုကို မတ် ၁ ရက်က ပြုလုပ်သည့် စစ်ကိုင်းတိုင်းလွှတ်တော်အစည်းအဝေးတွင် ကလေးမြို့နယ် အမှတ် ၁ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က တင်သွင်းခဲ့သည်။

· ယခုတပတ်အတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာနမှ အသက်ပေးခဲ့ရသည့် CDM သူနာပြုများရှိပါကြောင်း၊ စစ် ကောင်စီက ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများကို ပစ်ခတ်မီးရှို့ပစ်မှုများကို ဆောင်ရွက်လျက် ရှိကြောင်း၊ မြေပြင်မှ အသက်ပေးပြီး ဆောင်ရွက်နေကြသူများရှိပြီး အားလုံးဝိုင်းဝန်းပူးပေါင်းကာ အကောင်း ဆုံး ဖြစ်ရန် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

· ၂၀၂၃ ဖေဖော်ဝါရီလအတွင်း ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီမှ စစ်ကိုင်းတိုင်း မကွေးတိုင်း ကရင်ပြည်နယ် တနင်္သာရီတိုင်း ချင်းပြည်နယ်နဲ့ ပဲခူးတိုင်း တို့၌ ကျူးလွန်ခဲ့သည့် မီးရှို့ဖျက်စီးမှုများကို ပြည်ထဲ ရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန က စာရင်းပြုစုထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလပညာ သင်ကြားရေး စာသင်ကျောင်းတွင် ပညာရေး စုံညီပွဲတော်ပြုလုပ်ခဲ့ ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· မြန်မာနိုင်ငံမှာဖြစ်နေသည့် ပြဿနာသည် ဒေသတွင်းကိုပါ ထိခိုက်လာနေတာကြောင့် ငြိမ်းချမ်းရေး ရရှိအောင် နည်းလမ်းသစ်ရှာရန် မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်က တိုက်တွန်း ပြောဆို လိုက်သည်။

· နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ် ဧရာဝတီလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားသည့် Mandalay paradise restaurant နှင့် ကြံ့ဖွတ် အမျိုးသားလွတ်တော်ဥက္ကဌဟောင်း နေအိမ်အနီးတွင် မတ်လ ၁ ရက်နေ့ ညပိုင်းက ဗုံးပေါက်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်အား တိုက်ခိုက်ပြီး ပြန်လာသည့် PDF ရဲဘော်များကို ပြည်သူများက အောင်သပြေပန်းမျာဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ၊ မုဆိုးခြုံ၊ ဘိုတဲနှင့်အောင်ချမ်းသာ ကျေးရွာများကို စစ်တပ်က မီးရှို့မှုကြောင့် အိမ်ခြေ ရာဂဏန်းနီးပါး ပြာကျသွားပြီး သက်ကြီးရွယ်အို အဘွား ၁ ဦးနှင့် စစ်ဘေးရှောင် အမျိုးသား ၁ ဦး ပစ်သတ်ခံရကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၇၈၀ မီးလောင်၍ ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· ဘုတလင်မြို့နယ် ဒေသ ပြည်သူများနှင့် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ ( ဗကသများ အဖွဲ့ချုပ်)၊ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂတ်ို့ ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်ပြီး ဗိုက်ဖောက်ထုတ်ပြီး ရက် ရက် စက်စက် သတ်ဖြတ်သွားကြောင်း စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

· စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ်၊ ချပ်ကြီးရွာရှိ ပျူစောထီးနှင့် စစ်တပ်စခန်းကို PDF များက ဝင်ရောက် တိုက်ခိုက် သဖြင့် စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်ဖြင့် စစ်ကူ ပစ်ခတ်ခဲ့ပြီး စစ်တပ်နှင့်ပျူစောထီများ အထိနာနေကြောင်း ကန့်ဘလူလင်းယုန်နီအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ခရီးသည်တင်ကားများကို စစ်ဆေးပြီး ဆက် ကြေးကောက်ရန် ထွက်လာသည့် စစ်တပ် ကားကို ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရမိ ကြောင်း ဘုတလင်မြို့နယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ တောတွင်းစာသင်ကျောင်းတွင် ယနေ့ မတ် ၂ ရက်နေ့၌ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုကို ပြုလုပ်ကြသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ် အင်အားစုက မတ် ၂ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။

· စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ကျေးရွာ ၁၅ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်လိုက်ကာ အလောင်းများ ပြန်လည်ကောက်ယူရရှိကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမေရေယာဥ် နတ်နန်း အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးထိခိုက် သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· မကွေးတိုင်းတွင် စစ်အာဏာရှင်တပ်များကို တိုက်ပွဲများဖြင့် ထိုးစစ်ဆင် တိုက် ခိုက် နေသော မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ရှိတွင် ကျည် ဆန် ပြတ်လပ်နေ၍ ပြည်သူများ ကူညီကြရန် မေတ္တာရပ်ခံလိုက်သည်။

· ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အရှေ့ဘက်ရှိ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရန် တက်လာ သည့် စစ်ကား ၁ စီး တိမ်းမှောက် ကာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

· လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေး လှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီဝင်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂ ရက်နေ့တွင် PTT၊ PTTEP တံဆိပ်ပါ ကုန်ပစ္စည်းများ မသုံးစွဲရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောခဲ့ကြောင်း သိရသည်။

· ဒီမိုကရေစီ လိုလားတောင့်တတဲ့ တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းရာမှာ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ လက်နက်ကြီး အမြောက်ပြောင်းတွေကို အိန္ဒိယက ပံ့ပိုးကူညီနေတယ်လို့ Justice For Myanmar(JFM) ကထုတ်ဖော်ပြောဆိုလိုက်သည်။

· ကယားပြည်နယ်၊ ခေါင်းပိကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ရက်ဆက် လက် နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသားနှင့် ညီဖြစ်သူ အသက် ၁၅ နှစ် အရွယ်ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

· တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် ဒယ်ဂူးဆရာတော် ဦးဆောင်ကာ ယနေ့ မတ်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေးအောင်မြင်ပြီးဆုံးသည့် အထိ ပုံစံမျိုးစုံဖြစ် ပါဝင်ဆင်နွှဲကြရန် ဒယ်ဂူးဆရာတော် မိန့်ကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကော့သောင်းမြို့နယ်၊ဝိုင်ဒင်းကျေးရွာအနီးစစ်ကောင်စီတပ်စွဲထားသောစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေးဦးထက်မနည်းသေဆုံးကြောင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီ

· ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် လေအားလျှပ်စစ်စီမံကိန်းသုံးခုအတွက် တရုတ် ကုမ္ပဏီများ နှင့် လက်မှတ်ရေးထိုးကြောင်း စစ်ကောင်စီက ယနေ့ (မတ် ၂) ထုတ် နိုင်ငံပိုင်သတင်း များမှတဆင့် ကြေညာ ထားသည်။

· စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်လိုက်ကြောင်း မတ်လ ၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

· ဒေသနှင့် တိုင်းပြည်အကျိုးကို ကြည့်၍ မိမိတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုသလို စစ်သည်များ သည် စည်းကမ်းနှင့်အညီနေထိုင် ကြသူများဖြစ်ခြင်းကြောင့် ပြည်သူ့အပေါ် ထားရှိရမည့် ကျင့်ဝတ်တွင်ပါဝင်သည့်အတိုင်း ပြည်သူအပေါ် ရေလိုလလိုကျင့်ကြံ ကြရန်လိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ပြောသည်။

· သန်လျင်ခရိုင်၊ကျောက်တန်းမြို့နယ်၊သီလဝါပြည်တွင်းစက်မှုဇုန်အတွင်းရှိ စက်ရုံ(၁)ရုံမှာ မတ်လ ၁ ရက် ၊ညပိုင်းအချိန်က ဖြစ်ပွားခဲ့သည့် အမျိုးသမီး(၅၀)ဦးခန့်အား သရဲဝင်ပူးသည်ဟူသောသတင်းမှာ သတင်းမှား သာဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

· စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၃ နာရီခွဲခန့်မှ စတင်ကာ ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာအတွင်း တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေမှုများ ပြုလုပ်ပြီး ပြည်သူ ၁၃၀ ခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

မတ် ၂ ရက် သုံးသပ်ချက်

· မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွာများကို မီးရှို့ကာ ပြည်သူများကို သတ်ဖြတ်ရုံသာမက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကိုပြုလုပ်လာပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လာသည်ကို တွေ့ရသည်။

· စစ်တပ်က ရွာများကို မီးရှို့ပြည်သူများကို သတ်ဖြတ်နေသော်လည်း မင်းအောင်လှိုင်က ၎င်းစစ်တပ်ကို စည်းကမ်းနှင့်အညီနေထိုင် ကြသူများဖြစ်ခြင်းကြောင့် ပြည်သူကို ရေလိုလ လိုကျင့်ကြံရန် ပြောဆိုနေခြင်း သည် ပြည်သူကို မျက်နှာဗြောင်တိုက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly